စာမေးပွဲနီးပြီမို့ ကျောင်းတွေမှန်မှန်တက်
လက်ချာတွေပုံမှန်လိုက်ရင်းအခုတလော ကျောင်းတက်မှန်နေရတယ်
သူနဲ့လဲဟိုနေ့ကကျွန်တော့အိမ်က
ပြန်သွားပြီးကတည်းကမတွေ့ဖြစ်ပေမယ့်သူနဲ့ သူ့Noona ကိုတော့
မျက်စိနောက်ချင်စရာ
မြင်နေရတာတော့
တခါတခါစိတ်နောက်ရတဲ့အထိကျွန်တော်စဉ်းစားတယ်
မေ့ပစ်ချင်တယ်
သူနဲ့ပတ်သတ်သမျှအရာအားလုံးကျွန်တော်ချစ်ခဲ့သမျှအားလုံး
သူ့ရဲ့အေးစက်မာကျောတဲ့
ခြိမ်းခြောက်သံတွေကိုပြန်ကြားယောင်မိတိုင်း
ကျွန်တော်အရွဲ့တိုက်ပြီးပဲဖြစ်ဖြစ်
Chili နဲ့သာတွဲပစ်လိုက်ချင်တဲ့စိတ်ကလဲ
တဖွားဖွား
Chili ကတော့ ရွဲ့ပြီးလာတွဲရင်ကျွန်တော့ကိုလူမသိသူမသိ
သတ်ပစ်လိုက်မယ်လို့
ကြိမ်းဝါးလေရဲ့အဟင်း..............
အဲ့ဒီကလေးမက တကယ့်ကိုမနိုင်ဘူးရယ်
သူမကဖြူစင်သလို ရိုးရှင်းတယ်
သူမအတွေးအခေါ်တွေက
ပေါ့ပါးပေမယ့်နက်နဲတယ်ကျွန်တော့စိတ်တွေထွေပြားနေတိုင်း
သူမက လေတွေလိုပဲဖြတ်တိုက်ပြီး
ကုစားပေးတယ်သူမဟာ ကျွန်တော့အတွက်တန်ဖိုးရှိလှတဲ့
သူငယ်ချင်းမလေးမို့ တကယ်မချစ်ပါပဲနဲ့
ကျွန်တော် Cover မလုပ်ချင်သူမကိုမနာကျင် မခံစားစေချင်ပါ
သူမကတော့ပြောပါတယ်တစ်ဖတ်သတ်ခံစားချက်ဟာ
ထင်ထားတာထက် ပိုပြီးနေလို့ကောင်းကြောင်းသူမကို ပူပန်နေမဲ့အစား
ကိုယ့်ဘာသာကိုယ်သာအဆင်ပြေအောင်
နေပါဆိုတဲ့အကြောင်းထုံးစံအတိုင်း မိန်းကလေးပီပီ
အဆဲတစ်ဝက်နဲ့ပြောပြလေရဲ့သူမနဲ့ကျွန်တော့ရဲ့ရင်းနှီးမှုအတိုင်းအတာက
အချိန်အနည်းငယ်အတွင်းမှာပင်
အရမ်းကိုခိုင်မာလို့လာတာပါဒါကို သူကလဲကြည့်မရ
ကျွန်တော်တို့နှစ်ယောက်ကိုတွဲမြင်ရတိုင်း
မျက်မှောင်ကြီးကျုံ့လို့ အေးခဲတော့မတတ်
စိုက်ကြည့်တတ်သည်
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...