XVII

8.5K 1K 143
                                    

Noona ရဲ့ဖေဖေက ကျွန်တော့ကို
ခေါ်တွေ့တာမို့စကားတွေပြောပြီးပြန်အလာ

အိမ်မှာလှဲလျောင်းရင်း အဖြစ်အပျက်တွေကို
ပြန်စဉ်းစားနေမိတယ်

Noona ကိုချစ်လားလို့ကျွန်တော့ကိုမေးရင်
ချစ်တယ်လို့ပဲ အလွယ်တကူဖြေနိုင်မှာပဲ
Noona ဟာ လက်တွဲဖော်ကောင်းတစ်ယောက်
ဖြစ်လာမှာအသေအချာပဲလေ

ကျွန်တော်တွဲခဲ့သမျှမိန်းကလေးများထဲတွင်
Noona နဲ့သာကျွန်တော်ခြေငြိမ်ခဲ့တာ

ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ဟာ
အငယ်ဖြစ်ရတာကိုကြိုက်နှစ်သက်လို့
ဆိုတဲ့အဖြေထွက်လာတယ်

ချွဲနွဲ့ချင်တယ် ၊ ဆိုးချင်တယ်
အစ်မတစ်ယောက်ဖြစ်ဖြစ်
အစ်ကိုတစ်ယောက်ဖြစ်ဖြစ်

ပြင်းပြစွာလိုချင်ခဲ့တဲ့ဆန္ဒရဲ့
ရောင်ပြန်ဟပ်မှုအနေဖြင့်
ကျွန်တော် Noona ကိုချစ်ခဲ့မိတာ

နိုင်ငံခြားမှာကျောင်းပြီးခဲ့သူမို့လားမသိ
ပိုပြီးရဲတင်းပွင့်လင်းသွက်လက်တဲ့အပြင်
ကျွန်တော့အပေါ်ဦးဆောင်သွားနိုင်တဲ့
တချို့တချို့သောအရာတွေကြောင့်လဲ
ကျွန်တော်စွဲလန်းရူးသွပ်မိသလိုပင်

ကျွန်တော်တွဲခဲ့သမျှရည်းစားများနဲ့မတူညီဘဲ
ကွဲထွက်နေတဲ့ noona ပုံစံက
ကျွန်တော့ကိုအများကြီး
ဆွဲဆောင်ခဲ့တာပဲဖြစ်တယ်

မလိမ်ချင်ပါ ကျွန်တော်တကယ်ပဲ
noona ကိုတိမ်းမူးခဲ့ပါတယ်

ပြသာနာကဘာကစလဲဆိုတော့ Han ပင်

Noona နဲ့စကားများရန်ဖြစ်ရင်း

အမှတ်မထင်ဖြစ်သွားခဲ့ကြတဲ့
Han နဲ့ကျွန်တော်

အဲဒီလိုတွေဖြစ်ကုန်မှ

ကျွန်တော် Han ကိုဘယ်လို
သဘောထားရှိနေကြောင်း
အကုန်ပေါ်လာတော့တာပဲ

ကျွန်တော့မသိစိတ်ထဲမှာ Han ရှိနေခဲ့တယ်

Han ဟာ ကျွန်တော့အတွက်
မရှိမဖြစ်ဖြစ်ခဲ့တယ်

Han ဟာ ကျွန်တော့အတွက်
အရေးအပါဆုံးလူသားဆိုတာကို
ကျွန်တော်မသိချင်ယောင်ဆောင်နေမိတာ
ကျွန်တော့အစ်ကိုရဲ့အဖြစ်ဆိုးကြောင့်ပဲ

It hurts but still loveWhere stories live. Discover now