V

9.2K 1K 144
                                    

Where are you now?
Another dream
The monster's running
wild inside of me
I'm faded
I'm faded
So lost, I'm faded
I'm faded
So lost, I'm faded (Crd)

နားကြပ်ထဲကထွက်လာတဲ့သီချင်းက
ခပ်အုံ့အုံ့ရာသီဥတုမှာ ကျွန်တော့ကိုပိုပြီး
အရောင်မှိန်လာစေတယ်ဆိုပေမယ့်
ကျွန်တော်သဘောကျတယ်

ကျွန်တော်ဆိုတဲ့လူမျိုးကလဲ တစ်ချိန်လုံး
ခံစားမှုဆိုတဲ့ရသကြီးကို
ထမ်းပိုးထားသူမဟုတ်လား
အနုပညာကျောင်းသားပီသတယ်လို့ဆိုရမလား

Hoodie မှာပါတဲ့ခေါင်းစွပ်ကို
မျက်နှာအုပ်လုမတတ်စွပ်ချလိုက်ပြီး
အိတ်ကပ်ထဲလက်နှစ်ဖက်ထိုးထည့်ကာ
ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ကျောင်းသို့
ခြေလှမ်းတွေကိုပိုမြှင့်လိုက်တယ်

ကျောင်းပေါက်ဝမှာမြင်လိုက်ရတဲ့မြင်ကွင်းက
ကျွန်တော့မျက်ခုံးတွေကို
အနည်းငယ်တော့ပင့်စေတယ်

ကျွန်တော်ကရာသီဥတု
အေးစိမ့်စိမ့်ဖြစ်နေတော့
လေ့ကျင့်ဖို့​စောစောလာခဲ့တာမို့
ကျောင်းမှာလူတောင်သိပ်မရှိသေး

လုံခြုံရေးဂိတ်တဲနားက သစ်ပင်ကိုမှီလျက်
တသားတည်းဖြစ်တော့မတတ်
လုံးထွေးပူးကပ်နေသော စုံတွဲတတွဲ

မစပ်စုတတ်သော ပင်ကိုယ်စိတ်ကြောင့်
ကျော်သွားရန်စိတ်ကူးတို့သည်

အစွန်းအစလေးပဲမြင်ရရင်တောင်
မှတ်မိနေတတ်သော
မှတ်ညဏ်အား အနိုင်ရလျက်

စောစောစီးစီး
ရင်ဘတ်အောင့်အောင်လုပ်ရက်လေသည်

ကျောခိုင်းထားသောလည်း
သူဟုအတပ်သိနေသော

စိတ်တို့သည် ခြေလှမ်းတို့ကို
သွက်အောင်မလုပ်နိုင်ကြ

မုန်းလိုက်တာ ....

သူ့အနားရောက်တိုင်း
သံလိုက်လိုဆွဲကပ်ခံရသော
စိတ်ဓါတ်တို့အား သွေးလဲသလိုလဲလို့ရရင်
ဘယ်လောက်ကောင်းလိမ့်မလဲ
သက်ပြင်းကိုအသာချကာ မနေနိုင်မထိုင်နိုင်

ဖျတ်ခနဲပေါ်လာသော
ကောင်မလေးအားကြည့်လိုက်မိရာ

ပို၍ပင်နာကျင်စရာကောင်းလေသလား

သူ့အား ကစားခဲ့ပါသည်ဆိုသော
Noona ...........................

ဓါတ်ပုံကိုသာတခါမြင်ဖူးသော်လဲ
သူချစ်တယ်ဆိုသော အရာတိုင်းကို
မှတ်မိတတ်သော မှတ်ညဏ်ဟာ
ရိုက်ချင်စဖွယ်အတိ

It hurts but still loveWhere stories live. Discover now