VI

9.1K 1K 136
                                    

Chili တစ်ယောက်အတန်းထဲက
ပရောဂျက်တစ်ခုကိုမေ့နေ့လို့
ည 8နာရီလောက်မှ အသည်းအသန်
ကျွန်တော့ကိုလာမေးနေတာမို့

အိမ်ရှေ့ကဒန်းပေါ်မှာထိုင်ပြီး
သူ့ကိုလိုတာတွေပြောပြရတယ်
မေဂျာတူပေမယ့် သူတို့အနောက်တိုင်းနဲ့
ဒီဘက်ကအရှေ့တိုင်း
အယူအဆခြင်းကွဲပြားတာကြောင့်
တချို့သင်ခန်းစာတွေကို ဟိုမှာအနေများခဲ့တဲ့
Chili က နားရည်မဝ

ဖုန်းနဲ့ပြောလို့လဲမရတော့ ဆိုင်ကိုချိန်းပေမယ့်
ချက်ချင်းအိမ်ကိုပေါက်ချလာတဲ့
အဲ့ဒီ့မိန်းကလေးကို
နှင်လွှတ်လို့လဲမရ
အိမ်ကိုဘယ်လိုသိတာလဲဘာညာနဲ့
အပိုတွေလဲမမေးချင်တော့ပါ
သူ့ကိုမေးလဲ
အကောင်းထွက်လာမှာမဟုတ်တဲ့အတူတူ
လေကုန်ခံမနေတော့

သူမကတကယ်ပဲကြိုးစားပမ်းစားတော့
လိုက်လုပ်ရှာပါတယ်
သို့ပေမယ့် အထွန့်ကတော့
တော်တော်လေးတက်တယ်

အခုလဲကြည့် ဗိုက်ဆာလွန်းလို့ပါဆိုပြီး
မျက်နှာငယ်နဲ့ပြောလာတော့

ကျွန်တော့မှာရှိတဲ့ခေါက်ဆွဲကို
ပြုတ်ကျွေးရပြန်တယ်
ကောင်းကျိုးမပေးတဲ့ဟာလေး

ဒါပေမယ့်လေသူမနဲ့အတူရှိနေတဲ့အခါမှာတော့
ပေါက်တတ်ကရတွေပြော
ပေါက်တတ်ကရတွေလုပ်တာကို
ထိုင်ကြည့်နေရင်း

ပေါ့ပေါ့ပါးပါးလွတ်လပ်နေတာကိုတော့
ဝန်ခံရပါမယ်

အခုအသက်အရွယ်အထိ သူကလွဲရင်
သေချာပေါင်းသင်းမိတဲ့
အပေါင်းအသင်းပေမယ့်
သူမရဲ့နေထိုင်မှုပုံစံနဲ့
လွတ်လပ်တဲ့အတွေးအခေါ်တွေက
ကျွန်တော့လိုအေးစက်တဲ့သူကိုတောင်
နွေးထွေးစေပြီး ပျော်ရွှင်လာစေတယ်

တစ်နည်းပြောရရင် ကျွန်တော့နေ့ရက်တွေက
လူသားဆန်လာတယ်ဆိုပါစို့...................

ခေါက်ဆွဲထုပ်​ကို​ဖောက်လိုက်တော့
ကျွန်တော်မီးဖိုချောင်ဝင်တိုင်း

နံဘေးကနေ​ပေါက်ပေါက်ဖောက်
ဆရာလုပ်တတ်တဲ့
ကောင်လေးတစ်ယောက်ကိုမရည်ရွယ်ဘဲ
သတိရမိသွားပြန်တယ်

ကျွန်တော်ချက်သမျှကို
နှိုက်မြည်းမယ်၊ဝေဖန်မယ်

ပြီးရင် အကုန်လုံးလျှောက်ပြောနေမယ်

It hurts but still loveWhere stories live. Discover now