XII

9.2K 981 110
                                    

အပြင်မှာအေးစိမ့်နေပေမယ့်
ကျွန်တော့ရင်ထဲမှာတော့ မီးတောက်နေသလို

သူအဆင်ပြေပါ့မလား....

ကျွန်တော်သူ့ဆီမရောက်နိုင်သေးတဲ့
အချိန်အတွင်း
သူဘယ်လောက်ကြောက်နေလိမ့်မလဲ

ကားဆရာကိုမြန်မြန်မောင်းဖို့
3 မိနစ်တစ်ခါလောက်ပြောနေတော့
ကားဆရာလဲ တော်တော်အမြင်ကပ်လှပြီ

Baek တို့လမ်းထိပ်ရောက်တော့
လူနာတင်ယာဉ်တစ်စီးနဲ့တိုးနေတာမို့
လမ်းက၀င်လို့မရ

ပိုက်ဆံကိုအဲ့ဒီ့အတိုင်းချခဲ့ပေးပြီး
အိမ်​လိပ်စာအတိုင်း
ပြေးတော့တယ် ကားဆရာကပိုသေးတယ်
အော်ပြောတာကို လှည့်ပင်မပြောနိုင်

ကျွန်တော်သူ့ဆီရောက်ချင်လှပြီ
ကျွန်တော့ကြောင်ဆိုးလေး အခုချိန်ဆို
တုန်ယင်နေတော့မှာ........................

တံခါးဘဲလ်ကိုအဆက်မပြတ်တီးပြီး
လာဖွင့်ပေးတဲ့ Yeol ကိုလဲ ၀င်တိုက်ကာ

" Hun ဘယ်မှာလဲ သူဘယ်မှာလဲ "

လို့ခပ်မြန်မြန်မေးတော့
အခန်းတစ်ခုကိုညွှန်ပြတာမို့
ဝုန်းခနဲဝင်သွားတဲ့အချိန်

ရေသန့်ဘူးတစ်လုံးက ကျွန်တော့ဆီတန်းခနဲ

" မလာနဲ့ မလာပါနဲ့လို့ငါပြောနေတယ်လေ "

တုန်ခိုက်သောအသံလေးက

ကျွန်တော့နဖူးကထိခိုက်မှုကို
သတိမရစေနိုင်တော့
လိုက်ပို့ပေးတဲ့ Baek ကို
ကျွန်တော်တို့နှစ်ယောက်တည်းထားခဲ့ဖို့

အချက်ပြလိုက်တော့ Baek က
ခေါင်းညိတ်ပြပြီး
ထွက်သွားလေတော့တယ်

မော့မကြည့်ပါဘဲ အော်ဟစ်နေသော

ကောင်လေးအနားကို
တဖြည်းဖြည်းတိုးကပ်သွားမိချိန်
တလှုပ်လှုပ်ဖြစ်နေသော ကျောပြင်ဟာ

ငိုနေမှန်းသိလိုက်တဲ့ကျွန်တော့အတွက်
အပူလှိုင်းဟာ ရင်ဝကိုဆောင့်တိုးပါတယ်

" Hun ah ငါပါ Han လေ "

ကျွန်တော့အသံကြားတော့ မော့ကြည့်တဲ့
မျက်နှာမှာ မျက်ရည်တွေကရွှဲလို့
နင့်ခနဲဖြစ်သွားတဲ့ရင်နဲ့အတူ

It hurts but still loveWhere stories live. Discover now