XVI

8.7K 1K 238
                                    

ကျွန်တော့အိမ်မှပြန်သွားပြီးသည့်နောက်ပိုင်း
သူကျွန်တော့ဆီကိုမလာ
ဖုန်းလဲမဆက် သုံးရက်တောင်ရှိနေပြီ

အင်းလေ ........

ကျွန်တော်ဆိုတာကလဲ သူ့အတွက်
တကူးတကဆက်သွယ်နေစရာ
လူမျိုးမှမဟုတ်တာပဲ
လာချင်ရင်လာ ၊ ပြန်ချင်ရင်ပြန်
အကုန်သူ့စိတ်ကြိုက်လုပ်နေခဲ့တာပဲ
အခုမှတော့ထူးပြီးမျှော်လင့်မနေတော့ပါဘူး

ဝမ်းနည်းတယ် ၊ စိတ်မကောင်းဘူး
စသည်အားဖြင့်လဲ
ကျွန်တော့မှာခံစားပိုင်ခွင့်မရှိ

ဒီရက်တွေမှာကျွန်တော်တွေးတယ်
ကျွန်တော်ဘာကြောင့်အသက်ရှင်နေတာလဲလို့

မေမေကလဲ စွန့်ပစ်
မိသားစုဆိုတာလဲမရှိ

အချစ်ရဆုံးလူသားကလဲ ဥပေက္ခာများစွာနဲ့

ကျွန်တော့ကိုအနားလည်ပေးနိုင်ဆုံး
သူငယ်ချင်းမလေးကလဲ
သူ့ရည်မှန်းချက်အတိုင်းပျံသန်းတော့မယ်

ကျွန်တော်ကရော ဘာကြောင့်
ရှင်သန်နေတာလဲ

သူ့ကြောင့်..............

ကျွန်တော့ကိုမေးခွန်း
အခုတစ်ရာမေးမယ်ဆိုရင်

သေချာတယ်
95 ခုရဲ့အဖြေဟာ သူပါ

ကျွန်တော့ဘ၀ရဲ့အစိတ်အပိုင်း
တော်တော်များများကို
သူပဲအကုန်သိမ်းပိုက်ထားခဲ့တာ

အရုပ်ကလေးဖြစ်ပေးပါလို့သူကိုယ်တိုင်
မတောင်းဆိုခင်ကရော

တောင်းဆိုခဲ့ပြီး

အင်း............. ပြောရရင်
မငြင်းနဲ့ဆိုပြီးအမိန့်ပေးခဲ့ပြီးတော့ရော

ကျွန်တော်ဟာ သူ့လက်ထဲကရေလို
သွန်လိုသွန် မှောက်လိုမှောက်

တခါတခါတော့လဲ မတရားဘူးလို့ခံစားရတယ်
ဘာလို့ကျွန်တော်ပဲလဲ

ခေါင်းတွေရှုပ်လိုက်တာ

အိမ်ထဲအောင်းနေတာလဲ အဲ့ဒီရက်ကတည်းက
ကျွန်တော်အများကြီးလျှောက်တွေးနေမိတယ်
Chili ပြောခဲ့တဲ့အကြောင်းအရာတွေ

တကယ့်တကယ်တမ်းကျရင်
ကျွန်တော်သူ့ကိုလက်လွှတ်လိုက်ရမှာပဲ
ဆိုတာတွေ

It hurts but still loveWhere stories live. Discover now