" Han အခုငါ့ဆီလာခဲ့ပါလား
မင်းလာမှဖြစ်မယ် "
ဖုန်းထဲကမက်ဆေ့ခ်ျတစ်ကြောင်း
ကျွန်တော့ရင်ကိုပူစေတာဟုန်းခနဲပြေးထွက်ခဲ့မိခြင်းမှာ
ဖိနပ်ဟာဘယ်ရယ်ညာရယ်တူရဲ့လားတောင်
မဆန်းစစ်နိုင်လမ်းမပေါ်ကကားတန်းဟာ
အနည်းငယ်ရှည်လျားနေတာကိုပဲ
စိတ်မရှည်နိုင်တော့ည 8 နာရီမှာ အပြင်မှာနှင်းတွေနဲ့ပေမယ့်
ကျွန်တော်ဟာပူလောင်စိတ်နဲ့ချွေးတလုံးလုံး
လွန်ခဲ့တဲ့နှစ်လလောက်က Sehun
ကျွန်တော့ဆီရောက်လာပြီး
သူတကယ်ချစ်မြတ်နိုးရတဲ့မိန်းကလေး
တွေ့ပြီဖြစ်ကြောင်းပြောလာခဲ့သည်သူ့ထက် 5နှစ်ခန့်ကြီးပြီး
သူ့ကိုလဲအလွန်ချစ်ကြောင်း
သူ့အိတ်ကပ်ထဲမှဓါတ်ပုံလေးကိုထုတ်ပြပြီး
လှိုက်လှိုက်လှဲလှဲပြောနေတဲ့ပုံစံဟာ
ကျွန်တော်တစ်ခါမှမမြင်ဖူးခဲ့တာမို့နာကျင်ပင်ပန်းပြီး
အသက်ရှုကြပ်လာရတာတောင်
ကျွန်တော်ကြည်ကြည်နူးနူးပြုံးနေခဲ့မိတယ်သူပြောသမျှကိုထောက်ခံရင်း
သိချင်တာတွေမေးရင်း follow
လိုက်တာမဟုတ်တဲ့တကယ့်စိတ်ရင်းနဲ့
ကျွန်တော်ဂုဏ်ပြုပေးတဲ့အခါ
သူကကျွန်တော့ကိုအတင်းအကြပ်ဖက်ကာ" မင်းကငါ့အတွက်အကောင်းဆုံးပဲ
ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေး" လို့သူ့မူပိုင်အတိုင်းပြုံးရင်း ပြောလေရဲ့
အဲ့ဒီ့နေ့က " မအိပ်ရတာကြာပြီ
မင်းပေါင်ပေါ်မှာအိပ်မယ်"လို့ပြောရင်း ငယ်ငယ်တုန်းကလို
ကျွန်တော့ပေါင်ပေါ်မှာခေါင်းအုံးလို့နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတဲ့
Sehun ကိုငေးကြည့်ရင်းဝေးကွာခြင်းဟာ နီးကပ်လာပြီဖြစ်ကြောင်း
သတိရမိတဲ့အခါ ကိုယ်တိုင်သတိမထားမိခင်မှာ
သူ့ပါးပြင်ပေါ်ကျတဲ့ မျက်ရည်တစ်စက်ကိုပဲ
အပြစ်ကျူးလွန်မိသူလိုစိတ်မျိုးနဲ့
ကျွန်တော်ကိုယ့်ကိုယ်ကိုမုန်းမိပါတယ်
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...