" နမ်းလို့ရမလား " ဆိုပါလား
အဟက် ............... လဲသေလိုက်လေ
မင်းဘယ်တော့မှ နမ်းခွင့်မရှိဘူး
မင်းဘယ်တော့မှ သူ့ကိုမပိုင်နိုင်စေရဘူးအဲ့ဒီ့မိန်းကလေးရဲ့
အသံကိုပြန်ကြားယောင်လာလေကျွန်တော့ဒေါသတွေက
အဆုံးအစမရှိပေါက်ကွဲလာလေထွက်နေတဲ့ဒေါသတွေကို
ကျွန်တော့လက်ပေါ်က
ခွေခွေခေါက်ခေါက်အမူးသမားပေါ်ကို
ပုံချပစ်လိုက်ချင်ပေမယ့်သူက အသိတောင်ရှိပုံမရ
မရုန်းနဲ့လို့ တစ်ခွန်းပြောလိုက်တာနဲ့
ငြိမ်သက်သွားတာ
အိပ်များပျော်သွားတာလားအိပ်ယာပေါ်ခပ်ဖြည်းဖြည်းတင်လိုက်တော့
တအင်းအင်းနဲ့ အသံထွက်ရင်း
ခေါင်းအုံးကိုဖက်ကာ
အိပ်ပျော်သွားတယ်ထင်ပါရဲ့ပြောချင်နေတာ........................
ပေါက်ကွဲပစ်ချင်နေတာ
နေ့လည်ကတည်းကထွက်သွားပြီး
ညကိုတော်တော်မိုးချုပ်မှ ပြန်လာတယ်
ပုံမှန်အတိုင်းလဲမဟုတ်သေး
တစ်ခါမှမမြင်ဘူးတဲ့ပုံစံနဲ့ မူးရူးလို့ကျွန်တော်မမှားဘူး
ပြောပြီးသားပဲ
သူမင်းအနားကထွက်သွားအောင်
ငါ့ဘာသာငါ လုပ်ယူမှာပါလို့ဒါနဲ့တောင် မင်းမသိဘူးလား Han
ငါဆိုတဲ့ကောင်က ရက်စက်သင့်ရင်လဲ
ရက်စက်တယ်ဟုတ်တယ် ...................
ငါကမင်းပြောသလိုအတ္တကြီးတယ်
မင်းအနားမှာ တခြားတစ်ယောက်ရှိနေတာကို
ငါလုံးဝမကြိုက်ဘူးမင်းအနားမှာ ငါပဲရှိရမယ်
မင်းကိုပြုံးစေ၊ ငိုစေတဲ့သူကလဲ ငါပဲဖြစ်ရမယ်
မင်းစိတ်ထဲမှာ ဦးနှောက်ထဲမှာ
ငါတစ်ယောက်တည်းပဲ တွေးရမယ်အကြောင်းပြချက်ကိုတော့ မမေးနဲ့ Han
ငါဘယ်တော့မှ မင်းကိုဖြေမှာမဟုတ်ဘူး
ငါကအတ္တကြီးပါတယ်ဆို" ငါမင်းကို မချစ်ပါဘူး Han "
အိပ်ယာပေါ်ကသူ့နားကို ကပ်ပြီး
တိုးတိုးလေးပြောတော့
Han က ငိုတယ်
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...