XIII

9.3K 987 120
                                    

" ငါမင်းကိုမချစ်ပါဘူး "

" မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေပါ "

ဆိုတဲ့စကားစုများကိုပြောဆိုရင်းပင်

သူဟာ ကျွန်တော့ကိုနမ်းချင်လည်းနမ်းမယ်

ပွေ့ဖက်ထားချင်ရင်လည်း ပွေ့ဖက်ထားမယ်

ဆန္ဒရှိတဲ့အခါမျိုးမှာလည်း

" မင်းကလှနေလို့" ပါလို့
ခပ်တိုးတိုးရေရွတ်ရင်း

ကျွန်တော့အိပ်​ခန်းငယ်​ကို အပြာရောင်
တိမ်​တိုက်​များဖြင့် ပြည့်နှက်စေရင်လည်း
ပြည့်နှက်စေမယ်

သူ့အရုပ်ကလေးဖြစ်ရပါစေမယ်လို့
ကတိတစ်ခုကို သူကအမိန့်ဆန်စွာတောင်းပြီး
ကျွန်တော်ကလည်း ဦးညွှတ်ပေးခဲ့ပြီးသည့်နောက်

သူ့အပြုအမူမှန်သမျှကို
ကျွန်တော်ဆန်းစစ်မနေတော့
ဘာကြောင့်လဲ ဘာလို့လဲလို့လဲ
မေးခွန်းများမထုတ်ချင်တော့

သူဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်း
စိတ်ပါလက်ပါဖြည့်ဆည်းပေးရင်း
သူလိုလိုချင်ချင် ပြုံးပြတိုင်း
ကျွန်တော့မှာ အရူးရင့်နေတာကြာခဲ့ပေါ့

သူဟာ ယောကျာ်းတစ်ယောက်ကို
စိတ်မ၀င်စားပါလို့
အထပ်ထပ်အခါခါ ညည်းတွားမှုမျိုးကိုလည်း
အဖန်ဖန်နာကျင်ခံစားမနေနိုင်တော့အောင်
အပြည့်အ၀ရိုးအီနေခဲ့ပါပြီ

အမှန်က ရိုးအီချင်ယောင်ဆောင်ခဲ့တာပေါ့လေ
သူ့မမနဲ့ ပြုံးပျော်ရွှင်မြူးနေတိုင်း
ကျွန်တော့ကိုမေ့သွားတတ်တဲ့
သူ့အကျင့်တွေ

သူ့မမအနားမှာမရှိတော့တဲ့အခါမှာတော့
ကျွန်တော့ကိုစေလိုရာစေပြီး
အမိန့်များစွာနဲ့ ဟိုလိုလုပ်၊ဒီလိုလုပ်ဆိုတာတွေ
ဟိုဟာကိုကန့်သတ်၊ ဒီဟာကိုထိန်းချုပ်

ကြိုက်တာသာလုပ်ပါ...........

ကျွန်တော်ဟာသူ့ကိုမလွန်ဆန်နိုင်တဲ့
ရုပ်သေးရုပ်ကလေးမဟုတ်လား

ထွက်ပြေးပါလို့ တံခါးဖွင့်ပေးပြီး
လိုအပ်တာတွေအားလုံးပေးလိုက်ရင်တောင်

အပြင်က လွတ်လပ်တဲ့ကောင်းကင်ကြီးကို
ကြောက်လို့ ​​မှောင်မိုက်နေတဲ့
လာရာလမ်းကိုသာ

It hurts but still loveWhere stories live. Discover now