III

9.8K 1K 121
                                    

" တကယ်ဆို မင်းငြင်းလိုက်သင့်တယ် Han "

မထနိုင်အောင် နာကျင်နေတဲ့ကြားက
အသံမထွက်နိုင်အောင် ပင်ပန်းနေတဲ့ကြားက

ဝိုးတ၀ါးအသိစိတ်ထဲဝင်လာတဲ့ အသံက

ရင်ဝကိုဆောင့်ကန်လိုက်သလို....................

မျက်လုံးကို အားယူပြီးဖွင့်လိုက်တော့
အပေါ်ပိုင်းဗလာနဲ့သူက ပြတင်းပေါက်နားမှာ
ကျွန်တော့ကိုကျောပေးလျက်

မမျှော်လင့်ခဲ့ပါဘူး

မနက်မိုးလင်းတဲ့အခါ ခပ်နွေးနွေးသူ့ရင်ခွင်ထဲနိုးရမယ်လို့

တစ်ညလုံး ကျွန်တော့ခန္ဓာကိုယ်အနှံ့ပျံ့ကြဲခဲ့တဲ့အနမ်းတွေဟာ

မိုးလင်းတဲ့အခါ အိမ်မက်တစ်ခုလို
အငွေ့ပျံပျောက်ကွယ်ရမယ်မှန်းသိထားပေမယ့်

ဒီလို စူးစူးနင့်နင့် စကားတစ်ခွန်းနဲ့

ပင်ပင်ပန်းပန်းနိုးလာရလိမ့်လို့မထင်မိဘူး

အောင့်မျက်သွားတဲ့ဝေဒနာဟာ
ခန္ဓာကိုယ်ရဲ့အတွင်းတစ်နေရာက
နာတာထက်တောင် ပိုနာကျင်နေတယ်

ငင်းသင့်တယ်တဲ့လား

ပြောထွက်တယ်နော်

ဘယ်တုန်းက သူ့စကားကိုငြင်းဆန်ခဲ့ဖူးတဲ့
သူမို့လို့လဲ

လိုလိုလားလားနဲ့ တောင်းဆိုခဲ့တာဘယ်သူလဲ

မေ့သွားအောင်လုပ်ပေးပါဆိုပြီး
အရူးတစ်ယောက်လိုတောင့်တခဲ့တာ
ဘယ်သူလဲ

မေးချင်တဲ့မေးခွန်းပေါင်းများစွာက
လည်ချောင်းမှာတင်ပျောက်ကွယ်လျက်

ပစ်ပစ်ခါခါစကားကို ဒေါသနဲ့အတူ

ပြောလိုက်ချင်တဲ့စိတ်က
ခဏလေးပေါ်လာပြီးတဲ့နောက်

ကျွန်တော့ကိုကြည့်မနေတဲ့
သူ့ကျောပြင်ကိုငေးကြည့်ရင်း
ငွေ့ရည်ဖွဲ့ကာ တိမ်ဝင်သွားတော့တယ်

ပြောချင်စိတ်ကို ကုန်သွားခဲ့တာ

ပြောဖို့စကားသံတွေကိုပဲ နှမြောတသစွာနဲ့

အိပ်ယာပေါ်ကလူးလဲထပြီးစောင်ကို
ဖယ်လိုက်တော့

ဖြူဖွေးတဲ့ အိပ်ယာခင်းဆီက
နီရဲစိုစွတ်မှုတစ်ခုဟာ
လုံးလုံးလျားလျား ကျရှုံးခဲ့ခြင်းရဲ့အဖြေအဖြစ်
တိတိပပ ထင်ရှားလျက်

It hurts but still loveWhere stories live. Discover now