တက္ကသိုလ်ကျောင်းပေါင်းစုံ
အားကစားပြိုင်ပွဲအတွက်ကျွန်တော်တို့
အနုပညာမေဂျာလဲအနားယူခွင့်မရှိတခြားသူတွေက
ပြဇာတ်တွေဘာတွေတိုက်နေချိန်ကျွန်တော်တို့က
အနုပညာနဲ့ပတ်သတ်ပြီးတော့မဟုတ်ကျွန်တော်တို့မေဂျာမှာ ကျွန်တော်၊ Yifan Chanyeol နဲ့သူရယ်က
ဘတ်စ်ကတ်ဘောလက်ရွေးစင်တွေသူတို့သုံးယောက်လောက်
ကျွန်တော်ကအရပ်မရှည်သည့်တိုင်
ဝါသနာပါတဲ့အပြင်
အဲ့ဒီဘက်မှာလက်ရည်ပါလာတာမို့
လက်ရွေးစင်ဖြစ်နေခြင်းကျွန်တော်ဘတ်စ်ကတ်ဘောကို
တကယ်သဘောကျပါတယ်တစ်ယောက်တည်းလေ့ကျင့်နေချိန်မျိုးဆိုရင် ပိုပြီးသဘောကျမိတယ်
ဘောလုံးကိုပန်းတိုင်ထဲရောက်အောင်
ချိန်ပြီးပစ်နေချိန်မှာဘာကိုမှသတိမရမိ ကျွန်တော့စိတ်တွေက
ဘောလုံးမှာသာရှိလို့နေတယ်အခုလဲ တစ်ယောက်တည်းကျင့်နေတုန်း
အခြားအသင်းသားတွေဝင်လာတာမို့ကျွန်တော်လက်ပြနှုတ်ဆက်ပြီး
ခဏနားလိုက်တယ်လေ့ကျင့်တဲ့အချိန်မှာလဲ
မေဂျာစုံကကျောင်းသူတွေက
လာအားပေးလေ့ရှိတယ်ကျောင်းသားတွေကလဲ
ပြန်စကြ၊နောက်ကြနဲ့ပျော်စရာပေါ့ကျွန်တော်လား...............
ကျွန်တော်ကအမြဲတစ်ယောက်တည်းရယ်
သူငယ်ချင်းဆိုလို့
ငယ်ငယ်တည်းကပေါင်းခဲ့ရတဲ့
သူ့တစ်ယောက်တည်းပဲရှိတာနဂိုတည်းက ကိုယ့်ဘာသာနေတတ်သူမို့
တချို့ကဆို အမြင်တောင်ကပ်တယ်ဂရုမစိုက်ဖြစ်ပါ လူတိုင်းကိုလိုက်တွေးတော
ရှင်းပြနေဖို့မှမလိုအပ်ပါပဲလေဒါပေမယ့် Chanyeol၊ Yi Fan
ကတော့အတူကစားဖြစ်တော့
တော်တော်လေးခင်မင်တယ်လို့
ပြောလို့ရပေမယ့်တအားရင်းနှီးတာမျိုးတော့မဟုတ်
ဒါပေမယ့် တခြားသူများထက်စာရင်တော့
ပြောဟယ်ဆိုဟယ်ရှိပါသေးတယ်
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...