VII

9.2K 1K 100
                                    

ကျွန်တော်ထင်တယ် Hun လိုက်ခဲ့သမျှ
ကောင်မလေးတွေထဲ Chili က
အတော်ကြိုးစားရတယ်ဆိုရမယ်

တော်တန်ရုံမာနကြီးပါတယ်ဆိုတဲ့
မိန်းကလေးတွေတောင်
အများဆုံးတစ်ပါတ်လောက်သာလိုက်ရတဲ့
Hun ဟာ အခုဆို တစ်လနီးပါးရှိနေပြီ

ခက်တာက Chili က
သူ့ကိုရှိတယ်ကိုမထင်တာ

သူမက အဖက်မလုပ်လေ
သူကဒေါသထွက်လေ

သူမက ကျွန်တော့ကိုကပ်နေလေ
ကျွန်တော့မှာ ဘာလုပ်ရမှန်းမသိ
ဒုက္ခရောက်လေ

ကျွန်တော်ဒီကိစ္စမှာ
ဘာတစ်ခွန်းမှာတော့ဝင်မပြော
ကျွန်တော်နဲ့လဲမဆိုင်ဘူးလေ

အရင်ကတည်းက
သူကြိုက်တဲ့ကောင်မလေးတွေကို
သူ့ဘာသာသူအဆင်ပြေအောင်လုပ်
တွဲပြီဆိုရင် ကျွန်တော်နဲ့မိတ်ဆက်ပေး ဒါပဲဥစ္စာ

အခုကိစ္စကကျွန်တော်နဲ့
မပတ်သတ်ဘူးလို့ပြောချင်ပေမယ့်
တနည်းနည်းနဲ့ပတ်သတ်နေပြန်တော့လဲ

ဘယ်လိုဖြေရှင်းပေးရမယ်မသိတော့
Chili ရဲ့မျက်ဝန်းတွေကို
ကျွန်တော်နားလည်နေပေမယ့်

သူမက ကျွန်တော့ကိုဝန်ပိုအောင်
ဘယ်တော့မှမလုပ်တတ်
စကားတစ်ခွန်းတောင် အစမပြော

Hun ကိုလဲ သူမစိတ်မ၀င်စားတာက
ဟန်ဆောင်နေခြင်းမရှိ

ဟူး...............

မာနကြီးတဲ့ Oh Sehun တစ်ယောက်

ဒီအချိန်ဆို အတော်လေး
ဆွေ့ဆွေ့ခုန်နေလောက်ပြီ

မသိဘူး......................

ကျွန်တော်ကြားဝင်ပေးလို့
ကောင်းတဲ့အရာလဲမဟုတ်တော့
ငြိမ်ပြီးတော့သာနေလိုက်ရတယ်

စကားမစပ် ကျွန်တော်သူ့ကိုသိပ်လွမ်းပါတယ်
ကျွန်တော့အိမ်ကပြန်သွားပြီးတဲ့နေ့ကစ
မတွေ့ဖြစ်တာ အတော်ကြာပြီ
ကျွန်တော်စဉ်းစားတယ်

သူနဲ့ကျွန်တော် ပြန်ခေါ်သွားတာလား
မခေါ်သေးဘူးလား မရေမရာ...................

ကျွန်တော်ဆိုတာ
သူ့အတွက်ရွှေ့ချင်တိုင်းရွှေ့လို့ရတဲ့
နယ်ရုပ်ကလေးမဟုတ်လား

" Han ဗိုက်ဆာပြီဟ
ကန်တင်းန်သွားမယ်လေ ထ"

Chili ပြောလာတော့
ကန်တင်းန်ကိုအတူသွားပြီး
ပါလာတဲ့ထမင်းဘူးကိုဖွင့်စားနေမိတယ်

It hurts but still loveWhere stories live. Discover now