ဘယ်နေရာရောက်နေမှန်းလဲမသိ
ဘယ်အချိန်ရှိပြီမှန်းလဲမသိ
ကျွန်တော်လျှောက်ရာ လမ်းတစ်လျှောက်ကို
Chili ကတစ်ခွန်းမှမမေးဘဲလိုက်လာခဲ့တယ်အရှေ့နားမှာပန်းခြံလေးတစ်ခုတွေ့တာနဲ့
ခြေလှမ်းတွေကိုရပ်လိုက်တော့
တော်တော်လေးတောင်မှောင်နေပြီဒန်းပေါ်ကိုကျွန်တော်သွားထိုင်လိုက်တော့
Chili ကလဲ ဘေးကဒန်းပေါ်မှာလာထိုင်တယ်" တောင်းပန်ပါတယ် Han "
" နင်က ဘာမှားလို့လဲ "
" ဒီအတိုင်းပဲ "
" နေပါဟာ နင်မပီသတဲ့အတိုင်း
မြုံစိစိနဲ့ အဲ့ဒါနင်နဲ့မလိုက်ဘူး Chili "" ငါသိသားပဲ ရမလားလို့
ဟန်ဆောင်ကြည့်တာ "တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ပြိုင်တူရယ်မောမိတော့အနည်းငယ်မျှလန်းဆန်းသွားသယောင်
သက်ပြင်းချသံတစ်ခုအဆုံးမှာကျွန်တော်တို့စကားတွေ
ပြောဖြစ်ခဲ့ကြတယ်လေ" ငါကအရမ်းသိသာနေလို့
နင်သိသွားတာလား Chili"ဒါန်းကိုဖြည်းဖြည်းချင်းလွှဲနေရင်း
မြေကြီးကို ဖိနပ်ဦးထိပ်နဲ့ဆွနေတဲ့သူမက
ကျွန်တော့ကိုမကြည့်ဘဲ ဖြေပါတယ်" နင်ကသိသာနေလို့မဟုတ်ဘဲ
ငါကနင့်ကိုချစ်တော့ မြင်မိတာပါ "" အဲ့ဒီ့လိုကိုး "
" ငါနင့်ကိုချစ်သွားရတဲ့
အကြောင်းအရင်းကအများကြီးပဲ Hanငါပြောလို့ရမယ်လို့ထင်တယ် "
" အင်း ............. "
ကျွန်တော်ခွင့်ပြုမိလိုက်တယ်ဆိုပါစို့
" ငါနင့်ကိုစတွေ့တော့
အေးစက်စက်နင့်ပုံစံကို
စိတ်ဝင်စားရုံသက်သက်ပဲနောက်တော့ တဖြည်းဖြည်းသိလာတဲ့
နင့်အကြောင်းတွေမှာ နင်ဖုံးကွယ်ထားချင်တဲ့
နင့်နှလုံးသားရေးရာကိုပါ ငါသိလာရတော့
ပိုပိုပြီးစိတ်ဝင်စားလာမိတယ်နင်ဖုံးကွယ်ချင်တဲ့အကြောင်းကလဲ
နင့်ကိုသူများပြစ်တင်ကဲ့ရဲ့မှာစိုးလို့မဟုတ်ဘဲ
သူ့အတွက်လို့ သိလိုက်ရတော့
ငါအရမ်းထူးဆန်းသွားတယ် Han"
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...