Final (Han)

12.9K 1.2K 201
                                    

မောပန်းနွမ်းလျစွာဖြင့်ကျွန်တော့ရင်ခွင်ထဲမှာ
အိပ်ပျော်သွားခဲ့တဲ့ကောင်လေးကို
ငုံ့ကြည့်လိုက်မိတယ်

မူးပြီးအိပ်ပျော်တဲ့အခါ
ကျွန်တော့ကြောင်လေးဟာ
တော်ရုံနဲ့မနိုးတတ်ပါ

ဝိုင်ကိုသူ့ကိုပဲခပ်များများတိုက်ထားတာဆိုတော့
သူကောင်းကောင်းအိပ်ပျော်နေမှာပါ

ပြင်ဆင်စရာရှိတာတွေက
အကုန်ပြင်ဆင်ပြီးသားမို့
ကျန်နေသေးတဲ့အချိန်လေးကို
သူ့အနားနေချင်သေးတယ်

ဆံပင်လေးတွေကို သပ်တင်ပေးရင်း
နဖူးပေါ်ခပ်ဖွဖွလေးနမ်းမိတယ်

သူမသိအောင်ခိုးနမ်းမိတာနဲ့တင်
ကိုယ်ဟာအပြစ်ကြီးတစ်ခုကျူးလွန်မိသူလို

သူ့ရဲ့ခန့်ညားမှုကို ထောက်ပံပေးနေသော
သွယ်စင်းဖြောင့်တန်းတဲ့မျက်ခုံးထူထူ

မှေးမှိတ်ထားတဲ့မျက်ဝန်းမို့မို့အောက်က
ခပ်စိပ်စပ်မျက်တောင်လေးတွေ

အေးစက်နေတဲ့နှာတံထိပ်ဖျားလေး

အိညက်တဲ့ပါးပြင်လေးတွေ

နီထွေးဖူးငုံတဲ့နှုတ်ခမ်းလေး

ပိရိသေသပ်တိကျတဲ့ မေးရိုးချွန်ချွန်

တစ်ခုချင်းစီကို လက်ဖျားနဲ့
အသာအယာထိခတ်ရင်း

ညင်ညင်သာသာထိတယ်ဆိုရုံလေး
နမ်းရှိုက်မိတော့

အလျင်မပြတ်တဲ့မျက်ရည်က တားမနိုင်စီးမရ

ဒါနောက်ဆုံးပဲ .....................

သူမသိအောင်ပဲဖြစ်ဖြစ်
သူသိအောင်မြင်အောင်ပဲဖြစ်ဖြစ်

မြတ်နိုးရတဲ့ကြောင်ဆိုးလေးရဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို
ထိတွေ့နမ်းရှိုက်ခွင့်ရတာ ဒါနောက်ဆုံးပဲ

မပိုင်ဆိုင်ချင်ခဲ့ဘူးလို့
အထပ်ထပ်အားတင်းထားပေမယ့်
တကယ်တမ်း
ထွက်ခွာသွားရတော့မယ်ဆိုပြန်​တာ့လဲ

စွန့်လွှတ်ခြင်းဟာ
ရင်ကိုဓားနဲ့ပါးပါးလေးမွှန်းနေသလိုပဲ
နာကျင်ခါးသက်လိုက်တာ

အဆုံးသတ်ဟာ ဒီလိုတဲ့လား

တစုံတယောက်မသိရှိရလေအောင်
တိတ်တိတ်လေးအညံ့ခံထွက်ပြေးခြင်းတဲ့လား

It hurts but still loveWhere stories live. Discover now