ကော်ဖီနံ့ခပ်သင်းသင်းလေးကို
ရှုရှိုက်ပြီးတဲ့နောက်
ကျွန်တော်အိပ်ယာကနိုးလာခဲ့တယ်ညက အင်း .......... အမှန်ဆို
အိပ်ပျော်သွားတော့
မနက်တောင်လင်းတော့မှာပါညကအဖြစ်အပျက်ကိုသတိရသွားပြီး
ဘေးနားကမရှိတော့တဲ့
နေရာလွတ်ကိုကြည့်ကာ
တစ်ယောက်တည်းပြုံးလိုက်မိတယ်ညက Han ဟာ တကယ်ပဲဆိုးတယ်
ဘယ်ကဘယ်လိုအတတ်ကောင်းတွေ
တတ်နေမှန်းမသိအခုလဲမရှိတော့ပုံထောက်
သူ့ဘာသာသူရှက်နေဦးမယ်ထင်ရဲ့တကယ်တော့မနက်ခင်းတိုင်း
သူကျွန်တော့ထက်ဦးအောင်ထပြီး
ကျွန်တော့အကြိုက်မနက်စာတွေ
ပြင်ဆင်ပေးတတ်တာအအိပ်မက်တဲ့ကျွန်တော်ကတော့
တော်တန်ရုံနဲ့မနိုးတတ်ခေါင်းရင်းမှာတင်ထားတဲ့ကော်ဖီခွက်ကို
လက်လှမ်းလိုက်တော့စာရွက်ဖြူလေးတစ်ရွက်
အောက်ကိုဝေ့ကျသွားတယ်ဘာများလဲလို့ လှမ်းကောက်မလို့ပဲ
ဒါပေမယ့် နည်းနည်းပျင်းနေတာနဲ့
နောက်မှပဲကောက်ဖို့တွေးပြီး
ကော်ဖီကိုတစ်ငုံငုံလိုက်တယ်Han ဖျော်တိုက်တဲ့ကော်ဖီဟာ
တကယ်အကောင်းဆုံးပဲဘယ်လောက်မူးမူး
သူ့ကော်ဖီလေးသောက်လိုက်ရရင်
လန်းဆန်းသွားရောသူချက်ပြုတ်နေတာလား
" Han ရေ ............ ငါနိုးပြီ "
တုန့်ပြန်သံမကြားရ
ဈေးသွားနေတာများလား
ဟုတ်မှာပေါ့ ဖုန်းကနာရီကိုကြည့်တော့
ခါတိုင်းထက်နည်းနည်းလေး
ပိုစောပြီးနိုးနေတာပဲလူတစ်ကိုယ်လုံးကပ်စေးစေးဖြစ်နေတာမို့
နေလို့မကောင်းစေးထိုင်းနေမှာပေါ့
ဘယ်နှယ့်အတတ်ဆန်းထွင်ပြီး
ဝိုင်တွေလောင်းချတာကိုးဒါပေမယ့် ညတုန်းက Han ဟာ
အခုပြန်တွေးရင်အခုတောင်
တစ်မျိုးဖြစ်စေအောင်
ဆွဲဆောင်မှုရှိလွန်းတယ်
YOU ARE READING
It hurts but still love
Fanfictionအချစ်...ထုတ်ဖော်ပြောဆိုခွင့်မရှိသောအရာ ချစ်သူ ...ပတ်သတ်ခွင့်မရှိသောဆက်နွယ်မှု ချစ်သည် .... နှုတ်ခမ်းဖျားများကြားတွင် ကြိမ်ဖန်များစွာ မြိုသိပ်ခဲ့ရသောစကား သူသည် မြတ်နိုးရသော ငေးမောပျော်ရွှင်ရသော အရာရာဖန်တီးပေးချင်မိသော သို့သော် မပ...