XIV

8.7K 1K 149
                                    

** ထောင်ချောက် ......................
အကြိမ်ကြိမ် ကိုယ်တိုင်ကိုယ်ကျ
သက်ဆင်းမိသော ထောင်ချောက်တစ်ခု

ထိုထောင်ချောက်သည်
ရက်စက်ခြင်းအပြည့်ဖြင့် လှပသေသပ်သည်

ဆူးခက်နွယ်များဖြင့် ပြည့်လျံလျက်
နာကျင်ကြေမွမှုအတိပြီးသည်

ထောင်ချောက်၏အပေါ်သို့မော့ကြည့်လျင်
လွတ်လပ်ပေါ့ပါးသော လွင်ပြင်ကျယ်ကို
မြင်နေရပါသော်ငြားလဲ

အပေါ်သို့ပြန်မတက်ချင်အောင်ပင်
ထောင်ချောက်ငယ်သည်
ညို့အားပြင်းပြင်းဖြင့် ဆွဲဆောင်သည်

ထိုထောင်ချောက်သည်
မှော်ဆန်သော ၀င်္ဂဘာနဲ့လဲတူသည်
အဖန်ဖန်ခြေချုပ်မိချင်နေသော
လှောင်အိမ်နဲ့လဲတူသည်

ဘ၀အား
ဆိုးဝါးစုတ်ပြတ်သတ်ခြင်းများနှင့်အတူ
မရပ်မနားစီးဆင်းခြင်းဖြင့်

အထပ်ထပ်အခါခါ
ကျိုးကြေပျက်စီးစေသော်လဲ
ထိုထောင်ချောက်ငယ်အား
ကျွန်တော်သည်

မြတ်နိုးမွတ်သိပ်စွာ

လှိုက်လှဲခုံမင်စွာ

ရီဝေယစ်မူးစွာဖြင့်

တွန့်ဆုတ်တွေဝေခြင်းအလျင်းမရှိ

နေ့စဉ်ရက်ဆက်

တိုးဝင်ခိုလှုံမိသူသာဖြစ်ပါသည်

အပြစ်ဟူသမျှသည်
ကိုယ့်သေတွင်းကိုယ်တူးတတ်သော
ငမိုက်သားကျွန်တော့တွင်သာ လုံးလုံးတည်ရှိပြီး

မဟာဆန်သော

ခမ်းနားသော

ဂုဏ်ရှိန်ဝံ့ထည်သော

နှလုံးသားထဲက နင့်နင့်နဲနဲချစ်ရပါသော

ထောင်ချောက်တွင်
အပြစ်တစုံတရာမျှမရှိပါလေ......***

Luhan

ဒီနေ့သူမလာဘူးတဲ့ ...........
ကျောင်းပိတ်ထားပြီးတဲ့နောက်ပိုင်း
သူကျွန်တော့အိမ်မှာအနေများလာတယ်

အန်တီကလဲ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့
သူ့ကိုကျွန်တော်နဲ့အတူရှိနေတာကို
ပိုစိတ်ချတော့ ကျွန်တော့အိမ်ဟာသူအိမ်လိုပါပဲ

It hurts but still loveWhere stories live. Discover now