Dae ~ ~ ~ 2

1.2K 102 20
                                    

~ ~ ~ ကိုယ်ရဲ့ နာကျင်စရာတွေကြားထဲ
အကြိမ်ကြိမ် အဖန်ဖန် ကျရှုံး
မင်းရဲ့ အချစ်တွေကြားထဲ
မင်းက ထပ်တလဲလဲ နစ်မွန်း
ကိုယ်တို့ဟာ ဘဝရှိသ၍ သေဆုံး
အသက်ရှင် သ၍ လွမ်းနေရမယ့်
အမိုက်မဲကောင်တွေ                 ~ ~ ~

@ # @ # @ #

နံရံထက်မှ လှပသည်ထက် ရူးသွပ်ဖွယ် ပုံရိပ်
အနည်းငယ် စောင်းငဲ့ထားသည့် မျက်နှာပေါ်
နဖူးဆီမှ ကကြီးပုံ ခွဲကျလာသော ခပ်ဖွာဖွာဆံစများနှင့်

ဇင်ရော် တစ်ကောင်ပျံနေသလို မျက်ခုံးနက်တို့အောက်မှ
မျက်ဝန်းတစ်ဝက်မျှ မျက်လွှာချထားသည်မှာ
နတ်သားတစ်ပါး၏ ဖြန့်ကားနေသော အတောင်ပံများကဲ့သို့
ယခုပင် ပျံတက်တော့မလို

သွယ်ဖူးသော နှာတံစင်းစင်းအား ဖုံးကွယ်နေစေသော
ဖြူနှစ်၍ ပန်းရောင်စွက် နေသော လက်ချောင်းလှလှများမှ လွန်လျှင်
ရဲစိုနေသော နှုတ်ခမ်းဖူးဖူး

ဒါတွေအားလုံးက ကိုယ့်အပိုင်
ကိုယ်အပိုင်ရဖူးသည်
ဟင့်အင်း
ကိုယ့်အား အပိုင်ပေးဖူးသည်မဟုတ်လား Minmin

ကိုယ်ရစ်မူးရာ လည်တိုင်တို့ထက် မျက်နှာအပ် နမ်းရှိုက်ခဲ့ဖူး သည်ကို
ခုတော့ တိုးဝှေ့ငိုပစ်ချင် စိတ်များသာ စိုးမိုးနေတော့သည်

အပြုံးနုနုနှင့် နှုတ်ဆတ်ခဲ့သော အခိုက်အတန့်ဟာ
ခုထိ အိပ်မက်တစ်ခုလို ထင်ယောင်ထင်မှား ဖြစ်လို့ကောင်းတုန်း

*Chen ရာ ချစ်လိုက်တာကွာ . . . ကိုယ့်ကို ဘယ်တော့မှ မထားခဲ့ဘူးမလား . . . *

တစ်ဖျတ်ဖျတ်လက်နေတဲ့ မျက်ဝန်းလှလှတွေနဲ့ စူးစိုက်ကြည့်ရင်း
မထားခဲ့ဖို့ သူကိုယ်တိုင်တောင်းဆိုခဲ့ဖူးသော်လည်း . .

တစ်စက်စက်ကျလာသော မျက်ရည်များနှင့်
ဝေဝါးလာသော အမြင်အာရုံ မူးမိုက်လာသော ခေါင်းနှင့်
ခက်ခဲ မွန်းကြပ်လာသော အသက်ရှူခြင်း

'Beakhyun . . . '

အားယူ၍ ခေါ်လိုက်သော်ငြား
လေတဝီဝီထွက်နေသော နားက
ကိုယ့်အသံကိုယ်ပင် ပြန်မကြားနိုင်

ခြေသံသွက်သွက်
ခွေယိုင်ကျသွားသော ခန္ဓာကိုယ်
နွေးထွေးသော ရင်ခွင်တစ်ခုထဲဝယ် ဘာမှမသိတော့

Dae { Complete }Where stories live. Discover now