Dae ~ ~ ~ 14

707 84 34
                                    

~ ~ ~ မင့်ချစ်ခြင်းတွေ
နှင်းဆီတစ်ခင်းလို ပွင့်လန်းဖို့ရာ
ကိုယ့်မှာ မျက်ရည်တွေရင်းခဲ့ရတယ် ~ ~ ~

# # #

ခပ်နွေးနွေးကျရောက်လာသည့်
အလင်းရောင် နုနုကြောင့်
Dae မျက်လုံးတွေ တဖြည်းဖြည်း ဖွင့်လိုက်မိသည်

အိပ်ယာခြေရင်းဝယ်
ခပ်ကွေးကွေးအိပ်နေမိသော ကိုယ်ကို
တစ်ချက်ဆန့်လိုက်ရင်း ထထိုင်ကာ
အခန်းတွင်း ဝေ့ဝဲကြည့်မိသော်လည်း
အရာရာက တိတ်ဆိတ်ငြိမ်သက်စွာ . . .

*ညက အိပ်မက်မက်တာပဲလား*

*မဟုတ်ပါဘူး Baekhyunee ခါးကို ဖက်လိုက်ပါသေးတယ်*

ဒါဆို . . . သူ . . . ထွက်သွားပြီ . . .

အတွေးနဲ့ အတူ ဝမ်းနည်း နာကျင်လာမှု

*Baekhyunee တောင် ကိုယ့်ကို ချေမိုးနေတတ်ပြီပဲ*

အိပ်ယာထက် ပြန်လှဲချ လိုက်ရင်း
မျက်ဝန်းများကို ပြန်လည်မှေးမှိတ်ထားလိုက်မိသည် . . .

~ ~ ~ Only Fool ~ Fall For you ~ Only Fool ~ ~

Ringtone လေးနားထောင်ရင်း
ပြန်ကျဲနေတဲ့ စိတ်တွေနဲ့အတူ
Ph ကိုင်ဖို့ပင်အားမရှိ . . .

*Knock* *Knock*

"Chennie!! "

ကိုယ့်ဆီက ဖြေသံမကြားတော့
တံခါးဖွင့် ဝင်လာတဲ့ Manager Hyung . . .
Ph ခေါ်တာ မကိုင်လို့ ထင်ပါ့

'ဒီည Party တက်ဖို့ရှိတယ်နော် Chennie'

'arr . . မတက်ချင်ပါဘူးဆို Hyung ကလည်း . . '

အိပ်ယာပေါ်လူးလှိမ့်နေရင်း ပြောတာမို့
Hyung က သဘောကျနေပုံ တဟက်ဟက်ရယ်နေသည် . . .
(သူများ ညစ်နေတာကို >< )

'မတက်လို့ ရမလား ဒါ company က လုပ်တာလေ . .
Baekhyunee လည်းလာမှာကို .. မတွေ့ချင်ဘူးလား'

'မတွေ့ချင်ပါဘူး!!
သူနဲ့တွေ့ရမှာ စိုးလို့ကို မသွားချင်တာ'

'ဟုတ်လား . . သေချာလို့လား'

'Harr! လာရစ်နေတယ် Hyung!!'

Hyung ကို အော်ဟစ်ရင်း ခပ်ကြမ်းကြမ်း ထပ်လှိမ့်မိတော့

*ဒုံး*

'Ahh'

မွေ့ယာ ထက်မှ ကြမ်းပေါ်
ကိုယ်တစ်ပိုင်းပြုတ်ကျသွားသည်မှာ ဒုံးကနဲ . . .

Dae { Complete }Where stories live. Discover now