Dae ~ ~ ~ 20

830 81 19
                                    

ချွေးစေးတွေ စိမ့်ထွက်လာတဲ့
လက်ဖဝါးနှစ်ဖက်ကို ပွတ်သတ်ပစ်လိုက်ရင်း
Baekhyunee မျက်နှာကို လှမ်းကြည့်လိုက်တော့

နေရာမှာ တောင့်တောင့်လေး ထိုင်နေလေရဲ့ . . .

Baekhyunee နဲ့ Collaboration

(ပေါ့ပျက်ပျက် လက်တမ်းပြောခဲ့တဲ့)

တစ်ချိန်က စကားလေးတစ်ခွန်းကို
Dae သေချာလေး အကောင်ထည်ဖော်ပေးခဲ့ပေမယ့်

ဒါက နောက်ဆုံးပါ
Chen ရဲ့ Last Stage ပါ
နှုတ်ဆတ်ခြင်း ပါ

နောက်ထပ် ဘယ်တော့မှ
ဟောဒီ Fan တွေ ရှေ့ ရပ်ခွင့်မရှိတော့ဘူးဆိုတဲ့ အသိဟာ
ဘယ်လောက် နာကျင်ခံခက် လိုက်သလဲ . . .

(Chen ကို မချစ်ကြပါနဲ့တော့ လို့ အော်ဟစ်ပစ်လိုက်ချင်တယ် . . .)

Chanyeol ရှေ့ကို ရောက်လာတော့
နှစ်ယောက်လုံး ရပ်လိုက်မိကြတယ် . . .

ကိုယ်တို့ အလှည့် ရောက်တော့မယ် ထင်ရဲ့ . . .

Baekhyunee မျက်နှာလေးကို
အခန်းနံရံက မှန်မှတစ်ဆင့် ကြည့်မိတော့
ကိုယ့်ကို ငေးနေတဲ့ မျက်ရည်ရပ်ဝန်းလေးတွေ

မျက်လုံးချင်း ဆုံအောင်ကြည့်ရင်း
ပန်းသွေးရောင်လွှမ်းနေပေမယ့်
အေးစက်စက် ဖြစ်နေတဲ့ လက်ချောင်းလေးတွေကို
ခပ်တင်းတင်း ဆွဲညစ်လိုက်တော့
Baekhyunee မျက်ရည်တစ်စက်က လက်ခနဲ . . .

ကိုယ်ကပဲ ဦးဆောင်ပြီး
stage ပေါ်တက်ခဲ့လိုက်တော့တယ် . . .

(A/N Media က သီချင်းလေး ကို နားထောင်ကြည့်ပါ)

# Geo Torok Saranghadeon Geu Saram Irheobeorigo
Taoreuneun Nae Maeumman Heuneukkyo Une #

်စည်ပြီး ထွက်ပေါ်လာသော
Beakhyunee ရဲ့ အသံကြည်ကြည် နောက်

# Geutorok Mideo Watdeon Geu Saram Dora Soul Juyira
Yejeoneneun Mollasseonne
Jinjeong nan mollanne #

နှလုံးသား အပိုင်းအစတွေ ထည့်စတေးထားရတဲ့
ဒီသီချင်းလေးကို
နောက်ဆုံးလက်ဆောင်အဖြစ်
Fan တွေ ဆီကို အကောင်းဆုံးပေးဆပ်ချင်တာမို့
သံစဉ်ထဲမှာသာ ခံစားချက်တွေကို စီးမျောပစ်လိုက်တော့တယ်

(နာကျင်ရပါတယ် Chensation တို့ရယ် )

မျက်နှာချင်းဆိုင်မိလိုက်တိုင်းမှာ
မျက်ခမ်းစပ်တွေ ရဲသည်ထိ
မျက်ရည်တို့ကို ထိန်းထားပုံရတဲ့
Baekhyunee ကို မြင်ရတိုင်း
ကိုယ်ကသာ အရင်ဦးအောင် မျက်နှာလွှဲမိရင်း . . .

Dae { Complete }Where stories live. Discover now