ကိုယ့်ကို ခပ်တင်းတင်း ဖက်ထားသည့် ခံစားမှုနှင့်အတူ
နိုးထလာရသည် . . .ညဝတ်အင်္ကျီကြယ်သီးတွေကို သေချာမတပ်သည့်
Dae ၏ ဖွေးနုနေသော ရင်အုံဆီ
Beakhyun ပါးလေး ကပ်လိုက်တော့ . . .(နွေးလိုက်တာ)
Beakhyun ဟိုနမ်း ဒီရှုံ့လုပ်နေရင်း
လည်တိုင် တစ်ဖက်တစ်ချက်ဆီ အကြည့်ရောက်သွားတော့
အနီရင့်ရင့် အမှတ်အသားလေးBeakhyun ကျေကျေနပ်နပ် ပြုံးလိုက်ကာ
ထိုနေရာ လေးကို နှုတ်ခမ်းနဲ့ ဖွဖွလေး ဖိကပ်လိုက်တယ် . . .'ထပ်လိုချင်သေးလို့လား Baekhyunee'
'Hmm?'
'ညက မလုံလောက်သေးဘူးလား'
မျက်လုံး တွေကို မဖွင့်ပဲ
နှုတ်ခမ်းကော့တွေ နဲ့ တခြမ်းပဲပြုံးကာ မေးတာမို့
Beakhyun ကိုယ်လေး အလိုလို ကျုံ့သွားရကာ'arr . . arnyi . .'
ဟက် ခနဲ ရယ်ရင်း တင်းနေအောင် ဖက်လေတဲ့ Dae
Baekhyun မျက်နှားလေးက ရင်ခွင်ဖွေးဖွေးဆီ
အပ်သွားရပြန်သည် . . .ညက ခပ်တည်တည်နဲ့
ကိုယ်ကအရင် သွားစနမ်းသည်ဆိုသော်လည်း
တကယ်တမ်း ဦးဆောင်သွားသူကတော့ Dae ပင် . . .နူးညံ့ညင်သာလွန်းပြီး
သာယာမှုကိုသာ ဦးစားပေးတတ်တဲ့ Dae ကြောင့်
နာရီအတော်တော်များများ လှုပ်ရှားခဲ့သော်လည်း
Baekhyun အလွန်အမင်း နာကျင်နေရတာမျိုးမရှိ'မထချင်သေးဘူးလား Baekhyunee . . .
ကိုယ်ရေချိုးချင်နေပြီ . . .
ပင်ပန်းနေသေးရင် ဆက်အိပ်နေလေ . . .''omm . . '
နဖူးကို မွခနဲ တစ်ချက်နမ်းပြီးမှ အိပ်ယာပေါ်မှဆင်းကာ
ရေချိုးခန်းထဲ ဝင်သွားသည် . . .စောင်ပုံထဲ ကျန်ခဲ့တဲ့ Baekhyunee မှာသာ
မျက်နှာတွေရဲလျက် . . .(Dae ဟာလေ . . )
# # #
'အဲ့တော့ . . Chanyeol ကို Sehun ဆိုတဲ့ကောင်လေးက အတင်းလိုက်ကပ်နေတာပေါ့ . . .'
ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြတာတောင်
တွန့်ချိုးထားတဲ့ မျက်မှောင်တို့က ပြေလျော့မသွား'ဒါဆို Baekhyunee ကရော . . .'
'HMM??'
လက်ထဲက ကော်ဖီခွက်လေးပင် ဘောင်ဘင်ခတ်သည်ထိ ထိတ်လန့်သွားရသည် . . .
![](https://img.wattpad.com/cover/124268162-288-k452034.jpg)