~ ~ ~ သူ ဆိုသည်မှာလည်း
ကိုယ့်အား ရူးစေနိုင်သော
အဆိပ်တစ်ခွက် ဖြစ်သည် ~ ~ ~@ # @ # @ #
'Byun Beakhyun ! ! ! '
ခေါ်သံဟာ တိုက်ခန်း တစ်ခုလုံး ဟိန်းထွက်သွားသလို
Chen မျက်လုံးတွေလည်း ပြာဝေသွားသည်'Beakhyun ! . . Byun beakhyun ! ! '
ဘာကိုဒေါသထွက်မိမှန်းမသိ
ပူခြစ်နေတဲ့ ကိုယ်ကိုသာ ဆွဲခါနေမိသည်သို့သော် သူကား တုတ်တုတ်မလှုပ်
'Dae . . '
နှုတ်ခမ်းလှုပ်ရုံသာ ခေါ်ဆိုသော သူ . . ကား
မျက်ရည်များက စီးကျလာသည်'Beakhyunee '
စိတ်အနည်းငယ် ပြေလျော့လာသလို
အသိစိတ်လွတ်နေသည့်တိုင်
ကိုယ့်နာမည်အား ခေါ်ညည်းသည့်အပေါ်
စိတ်ကျေနပ်မိသည်လား(ကိုယ့် အတ္တ ဆိုသည်မှာလည်း အစွန်းရောက်သား)
ပျော့ခွေနေသော သူ့ကိုယ်လေးကို အသာပွေ့ချီတော့
ပန်းရောင်ရင့်နေသော မျက်နှာသေးသေးလေက
ရင်ဝယ်ကပ်လျက် ပါလာသည့်သူ# # #
ပါးလျလျ နှုတ်ခမ်းသားရဲရဲလေးက ခပ်ဟဟပွင့်ကာ
အမြဲ ဝမ်းနည်းနေသယောင် အရည်လဲ့နေသည့်
မျက်ဝန်း လက်လက် တို့က မှိတ်လျက်သား'Hmmm . . . Dae . . '
တစ်ချက်ချက် ခပ်သဲ့သဲ့ ထွက်လာသော
ညည်းသံပါးပါးလေးChen လှစ်ခနဲပြုံးမိသည်
အချစ်ခံရသည်မှာ ဤမျှ စိတ်ကျေနပ်စရာ ကောင်းလှသည်သာ . . .ဒါကို ဘာကြောင့်များ ရှောင်ပြေးခဲ့ပါလိမ့် Minmin ရယ်
ကိုယ့်စိတ်နဲ့ လဲနေသည့် သူအား ကြည့်၍
ကိုယ်က တခြားတစ်ယောက်ကို သတိရနေမိသည်မှာ
သိပ်တော့မကောင်းချေအခန်းထဲမှ ထွက်လာခဲ့လိုက်သည်
(အတွေးဆိုတာ ထိန်းချုပ်ရခက်သည်ပဲ
ထိန်းချုပ်ရလွယ်သည့် ခန္ဓာကိုယ် ကိုသာ
အပြင်သို့ သယ်လာရသည်)Bangkok ကို အတူမလိုက်ခိုင်းတာ မဟုတ်သော်လည်း
သူက လိုက်မည် မဆိုသော အခါ
ကိုယ်ကလည်း တကူးတက မခေါ်ဖြစ်