အသိမိတ်ဆွေ သိပ်မရှိသော စီးပွားရေးဆန်သည့် Party မျိုးကို မုန်းသည်သာ . . .
ခုလည်း ကိုယ့်ဦးလေးရဲ့ ပွဲ ဆိုတာထက်
သူတို့ Brand အတွက် Model လုပ်ပေးခဲ့ခြင်းကြောင့်
အင်တင်တင်နှင့် တက်ရခြင်း . . .Cocktail တစ်ခွက်ကိုင်ရင်း တောင်တောင်အီအီ လျှောက်ကြည့်နေရာမှ
မြင်ကွင်းထဲ ဝင်လာသော ပုံရိပ်တစ်ခု'Minmin ?? '
မသေချာသလို ခပ်တိုးတိုး ရေရွတ်လိုက်မိသော်လည်း . .
မိန်းမလှလေး တစ်ယောက်နဲ့ လက်ချိတ်ကာ လူတစ်ချို့ကို နှုတ်ဆတ်နေသော . . Minmin
တစ်ကိုယ်လုံးရှိ အင်အားများကို စုပ်ယူခံလိုက်ရသလို . .
သူ . . ကိုယ့်ကိုများ မြင်သွားလေမလား . . .
(ထိတ်လန့်တကြား)ဒီနေရာက ထွက်ပြေးသွားရမလား . . .
(မာန ထိခိုက်တယ်)ခပ်ပြုံးပြုံးပဲ နှုတ်ဆတ်ရမလား . . .
(လုပ်နိုင်ပါ့လား)အတွေးပေါင်းစုံဟာ စက္ကန့်ပိုင်းအတွင်းမှာတင် ဦးနှောက်ကို ရှုပ်ထွေးရစ်ပတ်လာသလိုနဲ့
မဆီမဆိုင်ပင် ချွေးစေးများ ပျံလာသည် . . .(လက်ထဲက Cocktail ခွက်ကိုသာ ကျိုးကြေမတတ် ဖိဆုပ်ကိုင်ထားရင်း)
မနေ့ တစ်နေ့က အထိ
သူ့ကို တမ်းတရင်း ငိုကြွေးခဲ့ပါသော်လည်း
ယခု ကိုယ်ရှေ့ မြင်နေရပါမှ ပြေးပုန်းချင်မိပြန်သည်
(စိတ် ဆိုသည်ကား အစိုးမရ)ကိုယ် တမ်းတမ်းတတ လွမ်းမော နေမိဆဲ သူ ကား
တစ်ခြားသူတစ်ယောက်နှင့် တွဲ၍ မြင်ရသောအခါ . . .မိမိကိုယ်ကို ယူကြုံးမရခြင်း က အရင်
တကယ်ဆို နာကျင်ကြေကွဲ ရမှာမဟုတ်လားဒါပေမယ့် မခံစားရတာလည်းမဟုတ်
နာကျင်တယ် ဝမ်းနည်းတယ် ဆိုတာထက်
ရင်ထဲက မျှော်လင့်ချက် အစိုင်အခဲအခု ပြိုကျပျက်စီးသွားသလိုခံစားချက် . . .ကံကောင်းစွာပင် Minmin ကား Chen ရှိရာဆီ ရောက်မလာခဲ့ . . .
အချိန်လင့်လာမှ ဦးလေးကို နှုတ်ဆတ်ပြီး ပြန်လာခဲ့သည့်တိုင် မဆုံဖြစ်ခဲ့ကြပါ
(Minmin လည်း ကိုယ့်ကို မြင်ကောင်းမြင်နိုင်သည်သာ)