~ ~ ~ သူ၏ ဖြစ်တည်မှုကို တွေးမိသည့်အခါတိုင်း
နှလုံးသားမှသည် နားထင်သို့တိုင်အောင်
စိမ့်ဖြာလှုပ်ခတ်ခြင်းအား
မည်သို့ ခေါင်းစဉ်တပ်ရမည်လည်း တကယ်မသိခဲ့ ~ ~ ~@ # @ # @ #
တသိမ့်သိမ့်ရှိုက်နေသည့် ကျောပြင်အား
ငေးနေရသည်မှာ
အဆွေးသီချင်း တစ်ပုဒ် နားဆင်နေရသည့်နှယ်ကျွန်တော် ရူးသွပ်စွာ ချစ်တတ်လာသည်မှာ
သူ့ဆီမှ ကူးစက်ခဲ့သော ရောဂါတစ်ခုလားလို့
ရံဖန်ရံခါ တွေးမိသည်*အဟင်း*
သူရဲ့ နာကျင်မိနစ် တွေမှာတော့
ကျွန်တော့် ရင်ခွင်ကို တမ်းတတတ်သားပဲကျွန်တော့အား ကျောခိုင်းအိပ်နေသော သူလေးမှာ
ပုခုံးလေး နိမ့်ချည် မြင့်ချည်ဖြင့်
အသက်ရှူနှုန်းမှန်မှန် အိပ်မောကျခဲ့ပြီထင်ပါသည်သူ့ကြောင့်မှ လွဲ၍
ဘယ်အကြောင်းကြောင့်မှ
ကျွန်တော် မဝင်သည့် အခန်းငယ်အား
ပတ်ပတ်လည် မုန်းတီးစွာ စေ့စေ့ကြည့်နေမိသည်# # #
Vocal power ကောင်းကောင်းနှင့်
အဆိုတော် Chen အား ကျွန်တော် အလွန်နှစ်ခြိုက်ခဲ့စဉ်
ကျွန်တော့် ph ထဲ သူ့သီချင်းတွေက အများဆုံးသူ၏ Fansign ပွဲ တစ်ခုသို့ အမှတ်မထင်ရောက်ခဲ့သောအခါ
mtv ကြည့်ရသည်အား ဝါသနာမပါပဲ
သူ့ အသံကိုသာ ရင်နှီးခဲ့သည့် ကျွန်တော်သည်
ထိုနေ့တွင် သူ့အား စွဲလန်းသွားပါတော့သည်
(ယောက်ျားတစ်ယောက်ပင် ဖြစ်သော်ငြား)ချိုမြသော အပြုံးများနှင့် ခပ်စူးစူး စကားသံ
မျက်ဝန်းများထိ ရယ်မြူးရိပ်သန်းနေသော ထိုလူသားသည်
ကျွန်တော့် Fav idol ဖြစ်လာသည်ph gallary , wall paper , ကော်ဖီခွက် , အခန်းနံရံထက် ပိုစတာများ
အားလုံးအားလုံးဟာ သူ့ပုံရိပ်များသာIdol အပေါ် fan တစ်ယောက်၏ ရူးသွပ်ခြင်းများမှ
ယောက်ျားတစ်ယောက်အပေါ် ရူးသွပ်စေသူမှာ
ကံကြမ္မာကျွန်တော်နှင့် ခင်မင်သော်လည်း အလှမ်းကွာနေသည့်
အကိုဝမ်းကွဲမှာ
ချစ်လှစွာသော Chen လေး၏ Managerကျွန်တော့် ဘက်က စတင်မှုများနှင့်
ရင်းနှီးကျွမ်းဝင် သွားသော သူနှင့် ကျွန်တော်