Dae ~ ~ ~ 1

2.3K 120 11
                                    

{Zawgyi }

~ ~ ~ ခင်ဗျားကို ပထမဆုံး
ပြီးပြည့်စုံလိုက်တာ လို့ သတ်မှတ်မိချိန်မှာ
ကျွန်တော် ဟာ
အဆုံးစွန်ထိ ရူးသွပ်သွားခဲ့ပြီး ဖြစ်တယ် ~ ~ ~

@ # @ # @ #

အေးချမ်းလွန်းတဲ့ အပြုံးတွေကို
ဖန်ဆင်းလေး ရှိတဲ့ dae
ကျွန်တော့် အတွက်တော့
အမြဲတစေ ရင်မောပူပင်ရမြဲ

ကော့ပျံတက်နေအောင် ပြုံးထားတဲ့
လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းပါတွေဟာ
ကျွန်တော့်ထံ ခြွေချသည် မဟုတ်သော်လည်း
ငေးမောရူးသွပ်ရမြဲပါ

သူ၏ ခြေလှမ်းတွေနှင့်
ခပ်ခွာခွာ ခေါင်းငုံ့လျှောက်ရသော ကျွန်တော်
အကွာအဝေးကို ကိုယ်သင်းရနံ့နဲ့သာ မှန်းဆ၏

ကျွန်တော့်အား တွန်းတိုက်ကာ
ကောင်မလေးများ အသံတစာစာဖြင့် အော်ပြေးသွားကြသည်
ဒီလိုချိန်များတွင်
ကျွန်တော် ခေါင်းမော့ ငေးကြည့်ခွင့်ရသော်လည်း

ဟင့်အင်း
ကျွန်တော်မဟုတ်သော တခြားသူစိမ်းများအား
ပြုံးရယ် နှုတ်ဆတ်ကာ လက်မှတ်တွေဝေနေသည့်
အနှီလူသား Kim Jong Dae အား
တစ်ဆိတ်မုန်းပါသည်

အနံ့ခံအာရုံမှ oxygen နှင့် ရောထွေးရှူရှိုက်နေကျ ရနံ့ကား
အနည်းငယ် ဖျော့တော့လာသည်အခါ
ကျွန်တော် လမ်းဆက်လျှောက်လိုက်သည်

Manager နှင့်ပင် တစ်ကားတည်းမစီးသောသူက
Driver နှင့် ကျွန်တော့်ကိုသာ အတူစီးစေသည်

အတူစီးတယ်ဆိုလို့ သူက ကျွန်တော့်အား ခေါ်ခဲ့သည် မထင်ပါနှင့်
မနှင်ခဲ့ခြင်းသာ ဖြစ်သည်

'Beakhyun . . '

'Nae . . '

'ဒီည အိမ်မှာလာအိပ်ပေး . . . '

'Nae . . '

သူထံခေါ်ခြင်းသည်
သူ၏ အလုပ်များအတွက် ဆွေးနွေးတာဖြစ်နိုင်သလို
ပင်ပန်းမှုများအတွက် ဂျစ်တိုက်ငြင်းဆန်တာလည်းဖြစ်နိုင်သည်
သူ၏ ဒေါသအတွက် အော်ဟစ်ပေါက်ကွဲတတ်သလို
သူ၏ ဆန္ဒများအတွက် ဖြည့်စည်းပေးစေတတ်သည်

သူနဲ့ကျွန်တော်၏ ဆက်ဆံရေးကား
အမည်တပ်ရန်ပင် မလွယ်
ကျွန်တော်က သူပိုင်အရုပ်ကလေးတစ်ရုပ်လို
ထားရာနေ စေရာသွား ပြီး
ကျွန်တော်၏ ဆန္ဒများ မပါဝင် မပတ်သတ်
(သူ၏ လိုအင်များသိသည့်တိုင်)

Dae { Complete }Where stories live. Discover now