~ ~ ~ ကိုယ့်လက်ကောက်ဝတ်လေးကို
ခပ်ဖွဖွ ပွတ်ရင်း
မင်းအတွက် ဘယ်နေ့များ ပေးဆပ်ရမလဲလို့
ကိုယ်စဉ်းစားနေမိတယ် ~ ~ ~@ # @ # @ #
ချစ်ခြင်းဟာ ထင်သလောက်တော့လည်း
အပြစ်ကင်းစင်မနေပါဘူး . . .
အတ္တတွေဟာ အနည်းနဲ့အများတော့ ပါဝင်နေတာပဲ
(များနိုင်သလောက် များများ)သူ့ရဲ့ စေ့စပ်ပွဲ သတင်းဟာ
အတော်အတန် မက နာမည်ကြီးနေပေမယ့်လည်း
ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာ မကောင်းခဲ့ . . .
(တကယ်ဆို စိတ်ပျက်စရာအတိ)*Idol couple*
အဟားဟားးး သွားစမ်းပါကွာ
ကျွန်တော်ကတော့ ဂုဏ်မယူနိုင်ဘူး Dae . . .
(အားနာပါးနာလေးတောင် မလုပ်နိုင်ဘူး)သူရဲ့ စေ့စပ်ပွဲ သတင်းနဲ့
ကိုယ်ရဲ့ S.M Trainee ဝင်ခွင့်ရတဲ့ သတင်းကို
တစ်ပြိုင်တည်း ခပ်အေးအေး ပြောပြနေတဲ့သူ့ကိုလည်း
အထူးတလည် မအံ့သြမိတော့ . . .'Baekhyunee သိလား . . .
ကိုယ်ရဲ့ စေ့စပ်ပွဲနေ့က Minmin ရဲ့ လက်ထပ်ပွဲနေ့ပဲ
Ahkk . . 'ကျေနပ်သယောင် ပြောနေပေမယ့်
သူ့မျက်ဝန်းတွေက အသက်ဝင်မနေပါ
(Dae ညာနေလေသလား)'Omm . . Minmin ရဲ့ လက်ထပ်ပွဲ အကြောင်းကလည်း အရမ်းနာမည် ကြီးနေတာပဲနော် . . '
အရောင်ပြောင်းသွားတဲ့ မျက်ဝန်းတွေနဲ့
စိုက်ကြည့်လာသည်မှာ
မယုံနိုင်ခြင်းတွေ ပါဝင်နေသည်လား . .'Baekhyunee သိတယ်လား . . '
(အဟင်း မထင်ထားဘူးမလား)
'သူတို့ Park Group က ဒီလောက်နာမည်ကြီးတာ . .
ပြီးတော့ Baekhyunee က နိုင်ငံရေးကို နည်းနည်းစိတ်ဝင်စားတယ်လေ . . ''aww . . '
Seoul မြို့တော်ဝန်ရဲ့ သမီး Park Yoora နဲ့
Dancing King Kim Xiumin တို့ရဲ့
လက်ထပ်ပွဲက ဘယ်လောက် နာမည်ကြီးလိုက်သလဲBaekhyunee က ဒီအခန်းလေးထဲမှာပဲ
ငြိမ်ငြိမ်လေး ဟန်မပျက် နေနေတော့
ဘာမှမသိဘူး ထင်နေခဲ့သလား Dae ရယ် . . .