ကိုယ့်ကြောင့် အသည်းနာရတိုင်း
အသားကိုပါ နာအောင်လုပ်တတ်တဲ့
ပါပီအဆိုးလေးရဲ့
ပောင်ရင်းက ဒဏ်ရာတွေကို
အမာရွတ်ပျောက်ဆေး လိမ်းပေးနေရင်း
ဝေ့ဝဲတက်လာတဲ့ မျက်ရည်တွေ
ကိုယ့်ကြောင့် နာကျင်ရခြင်းတွေရယ်လေ
(တောင်းပန်ပါတယ် . . တောင်းပန်ပါတယ်)
တဆစ်ဆစ်နာကျင်လာတဲ့ ရင်ကို
မျက်ကွယ်ပြုရင်း
အမာရွတ်တွေပေါ် ခပ်ဖွဖွဖိနမ်းမိတော့
'Dae!!
မရဘူးနော် ညကျ Dinner သွားစရာရှိပါတယ်ဆို . .'
'yrrr!! Byun Baekhyun!!'
(grrrrr ဒင်းနဲ့က ဘယ်လိုမှကို ro လို့မရပါလား)
'လူကို အမြဲတမ်း နှာထနေတယ်များ ထင်နေလား!!'
'အာ . . Dae ကလည်း Baekhyunee က အဲ့လိုပြောတာမဟုတ်ပါဘူး . . .
ဟို . . Dae က ထိန်းနိုင်ရင်တောင်
Baekhyunee က မထိန်းနိုင်မှာဆိုးလို့ . . '
မျက်လုံးလေးမှေးစင်းကာ
ရှက်သလိုလို ဘာလိုလိုလေးနဲ့ လာရှင်းပြနေတော့ကာ . . .
(ဆွဲမွပလိုက်ရ . . . )
'ခုမှ တကယ် စိတ်ပါလာတော့မှာ Baekhyunee . .
အဲ့လို့ ရုပ်လေးနဲ့ လာလာမပြောနဲ့
ဆွဲမွပလိုက်လို့ စုတ်ပြတ်သတ်သွားမယ် . . '
'Eiii ကြောက်စရာကြီး . . '
ပြောရင်းဆိုရင်း လှဲနေရာက ကုန်းရုန်းထလာကာ
Dae ပေါ် ခုန်အုပ်ကာ ကုတ်ဖက်တတ်ရင်း
ဂုတ်ပိုးကို လက်နှစ်ဖက်နဲ့ ယှက်သိုင်းပြီး
နှာခေါင်းချင်း ပွတ်ရင်း ဆိုလာသည်က . . .
'ညနေ Dinner မသွားတော့ပဲ
ဝုန်းလိုက်ကြမလား . . .'
'Yrrrrr! Baekhyunee တော်တော်ကို!!!
ဖယ်ပေး Dae ရေသွားချိုးတော့မယ် . . '
သူ တစ်ခါတစ်ခါ အဲ့လိုတွေ ထဖောက်ရင်
Dae မှာ ဘယ်လိုမှကို မာန်မတင်းနိုင်
ဒါကို ဒင်းလေးက မသိ . . .
ကိုယ်ရေချိုးပြီး ထွက်လာတော့
ကုတင်ပေါ်တွင် ခွေနေဆဲ . . .
အသာလေးသွားပြီး တိုးဖက်လိုက်တော့
ခစ်ခနဲရယ်ကာ ရင်ခွင်ထဲ ပိုတိုးကပ်လာတဲ့
ကျောပြင်နွေးနွေးလေး . . .
'ချစ်တယ် Dae . . '
'Haha . . သိတယ် . . ကိုယ်လည်းချစ်တယ် . . '
