Dae ~ ~ ~ 12

703 83 20
                                    

~ ~ ~ ပန်းချီကားတစ်ချပ်လို့ အနုစိတ်ဆန်ဆန်နဲ့
သိပ်လှတဲ့ ဒဏ်ရာတွေ
ကိုယ့်ရင်ဘတ်ထဲမှာ ရှိတယ်
Baekhyunee ~ ~ ~

@ # @ # @

*ခွမ်း*

အခန်းတံခါးကို ကျောခိုင်း လိုက်ချိန်တွင်
ကြားရသော မှန်ချပ်ကွဲသံ ခပ်တိုးတိုး

Dae အခန်းတံခါးကို ကျောကပ်ကာ
ကျလုဆဲဆဲ မျက်ရည်တို့အတွက် ခေါင်းမော့ လိုက်သော်လည်း
ပြည့်လျှံကျလာသည့် အရည်ကြည်တို့က တသဲသဲ . .

*Ahhhhhh*

Baekhyunee ၏ အော်သံ ခပ်စူးစူးက
ဒူးတွေကို ခွေညွှတ်ကျသွားစေသည် . . .

Baekhyunee ကို ချစ်နေမိပြီ လို့ သိလိုက်မိချိန်
Dae ဟာ ပြန်လှည့်မရတဲ့ လမ်းတစ်ခုပေါ် ရောက်နေခဲ့ပြီ . . .

ဒူးနှစ်ဖက်ကို ပိုက်ကာ
ပိုက်ထားသော လက်ပေါ် ခေါင်းငုံ့ချရင်း
Dae နာနာကျင်ကျင် ငိုကြွေးမိတယ် . . .

အခုလို ဝမ်းပမ်းတနည်း ကြေကွဲစွာ မငိုခဲ့တာ
ကြာခဲ့ပြီမလား . . .
Baekhyunee အနားကို ရောက်လာချိန်ထဲက . . .

Minmin ကြောင့် အကြိမ်ကြိမ် အခါခါ ငိုကြွေးတုန်းက
Baekhyunee ရင်ခွင် ရှိနေပေးခဲ့တယ်မလား . . .

Baekhyunee ကို ချစ်တယ် . . .
သိပ်ကို အသိနောက်ကျခဲ့ပေမယ့်လည်းပေါ့
(ချစ်တယ် Baekhyunee)

ရင်ထဲမှာ အခါခါ ပဲ့တင်ထပ်နေတဲ့ စကားတစ်ခုဟာ
ဒီတစ်သက် သူ့ကို ပြောခွင့်မရှိလေတော့ ဟု
တွေးမိသည့်အခါ
ယူကြုံးမရစွာပင် မျက်စိစုံမှိတ်ကာ
အံကို ကြိတ်ကာ အသံတိတ် ရှိုက်မိတယ် . . .

Baekhyunee ကို
Dae နဲ့ ဝေးရာဆီ ခပ်သာသာတွန်းပို့ခဲ့ပေမယ့်လည်း
ကိုယ်တိုင်ကတော့ ကျန်ရစ်ခြင်းကို
ထိတ်လန့်တကြား ကြောက်နေမိတုန်းဆိုတာ . . .

ချစ်ခြင်းကို အသစ်တစ်ဖန် မွေးဖွားပေးမယ့်အစား
ရှင်သန်ခြင်းကိုသာ သတ်ပစ်ခဲ့ရောပေါ့
Baekhyunee ရယ် . . .

ခုတော့ ကိုယ်ဟာ
acid ကို လက်ခုပ်နဲ့ ခပ်ပက်နေမိသူလို့ပဲ . . .

ဝဲဘက် ရင်အုံက တဆစ်ဆစ်ကိုက်ကာ
တရိပ်ရိပ် မူးဝေနေသည့် ခေါင်းကို အချက်ပေးတော့
ရှိသ၍အားနဲ့ပဲ ကိုယ်ကို ရပ်ယူ ရတယ် . . .
(ကိုယ့်ရဲ့ ကျရှုံးခန်းအား Baekhyunee မသိစေရ)

Dae { Complete }Where stories live. Discover now