~ ~ ~ Psychology အရဆို ကိုယ်က ရူးနေပြီပဲ
မင်းကို လက်လွှတ်ဖို့ အတင်းကြိုးစားရင်း
တစ်ဖန်ပြန်လည် ငြိတွယ်နေတာ ~ ~ ~
@ # @ # @ #
Idol Couple ၏ မင်္ဂလာပွဲအား ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း"
SNS တွေဝယ် ပလူပျံနေသော သတင်း
*ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း* ဆိုသည်က
*ဖျက်သိမ်း* ဟု မဆိုချင်၍သာ . . .
Ph ကို ကိုင်ထားသော Beakhyun လက်တွေ
တုန်ယင်လာသည်
မယုံကြည်နိုင်သလို တုန်လှုပ်ခြင်း တစ်ခုနဲ့ အတူ
ဝမ်းသာစိတ်ကလည်း တရိပ်ရိပ်
ရုတ်တရက် ဝင်လာတဲ့ အတွေးက
"Dae ကို လူတွေ ဘာများ ပြောဆိုကြဦးမလဲ"
အဟက် Byun Baekhyun ဟာ စောက်ရူးသာသာ ကိုဖြစ်လို့
တစ်ပြန်ကြီးစိတ်ပူနေမိသေး . . .
ရင်ကွဲပက်လက်နဲ့ ထွက်လာခဲ့တာ မဟုတ်သည့်အတိုင်းပင် . . .
# # #
ကားသော့ပေးကာ လှည့်ထွက်သွားသော
Dae ၏ Manager Hyung !!!
သူကိုယ်တိုင် Baekhyun ရှိရာ ရောက်လာပြီး
လာခေါ်သည့်စကားက
'အိမ်မှာ Chennie ရှိတယ် Baekhyun . . ' တဲ့လေ
ကိုယ်ဆိုသည်မှာလည်း ဒီစကားတစ်ခွန်းနဲ့တင်ပဲ
အူတိအူကြောင် လိုက်လာခဲ့မိပြန်ရာ . . .
အခန်းဆီသွားကြည့်တော့ ပိတ်ထားသောတံခါးကြောင့်
သူအိပ်ရင် အိပ်ပါစေတော့ ဆိုပြီး
ညစာအတွက်ပဲ ပြင်ဆင်နေလိုက်သည် . . .
*knock! Knock!*
'Dae ahh! ညစာစားရအောင် . . .'
*Ring!!*
Yeol ဆီက ph ဝင်လာတာမို့ အခန်းထဲထိဝင်မနိုးဖြစ်တော့ . . .
ph ပြောနေရင်း ခြေသံသဲ့သဲ့လေး ကြားလိုက်ရသည်မို့
အနောက်ကိုလှည့်တော့ တရွေ့ရွေ့လာနေသော Dae
ထမင်းစားပွဲမှာ ငူငူငိုင်ငိုင် ထိုင်နေတာမို့
Baekhyun ဘာပြောရမှန်းပင်မသိတော့
Company ကများ တစ်ခုခု ပြောခံထား ရသလား
'ထမင်း မစားချင်ဘူးလား . . Dae . .'
