ကိုယ်ဟာ မင်းနဲ့ပတ်သတ်ပြီး
ဘယ်လောက်ထိရှလွယ်သလဲဆိုရင်
ကိုယ်ခေါ်နေကြ
မင့်နာမည် အပိုင်းအစလေးကို
တစ်စုံတစ်ယောက် ခေါ်သံကြားမိရင်တောင်
ခံပြင်းနာကျင်နေမိတယ်@ # @ # @ #
"ဘယ်လိုလုပ်ရမလဲ . . . ဘယ်လို လုပ်ရမလဲ"
အနီရောင် ကော်ဇောခင်းထားသော
အမွှေးတဖွာဖွာ ကြမ်းခင်းတွင်
ဝမ်းလျားမှောက်ကာ ခေါင်းကိုကြမ်းခင်းနှင့်
တတိတိတိုက်နေသော Kim Jong Dae . . .ပါးစပ်ကလည်း ပွစိပွစိရေရွတ်လျက် . . .
'Hyung! . . Yoona နဲ့ လက်မထပ်ချင်ဘူးလို့ . . . Baekhyunee နဲ့လည်း မခွဲနိုင်ဘူးလို့ . . .'
ခေါင်းလေးစောင်းပြီး ကြမ်းခင်းပေါ်ပါးအပ်လိုက်ပြန်ကာ
မျက်လုံးတွေကို ထောင့်ကပ်ကာ ခပ်စောင်းစောင်းကြည့်သည်က Hyung ဆီသို့ . .ကြမ်းခင်းက အမွှေးပွပွ ခပ်အိအိဖြစ်သော်လည်း
တိုက်ပါများလာတော့
Chen နဖူးလေးက ရဲနေချေပြီ . . .'Hyung!!!'
'ငါလဲဘယ်သိမလဲ!'
'ဟာဗျာ!'
ခေါင်းကို ပြန်ငုံ့ချရင်း တိုက်နေပြန်သည်
အရှိန်က ပြင်းလာသည်ထင်ပါ့
အသံက တဒုတ်ဒုတ် နဲ့ ပိုကျယ်လာသည် . . .Hyung က မနေနိုင်တော့
'တော်ပြီ မလုပ်နဲ့တော့ Chen! မင်းနဖူး နီရဲနေပြီ . . '
'အဒါ ဘာလုပ်နေတာလဲ . . .
လူတကာ ခြေနင်းတဲ့ အဲ့အခင်းမှာ အိပ်ရတာ
တော်တော်ကောင်းလို့လား . . 'Hyung စကားတောင် မဆုံးသေး
အသံစွာစွာနဲ့ အတူရောက်လာသော
ဖြူဥဥ ခြေချောင်းတို့ . . .
(Baekhyunee)ခုန ခပ်မဲ့မဲ့ဖြစ်နေသည့် နှုတ်ခမ်းတို့က
ချက်ချင်းထော်ထွက်လာကာ ဆူပုတ်သွားသည် . . .'ဘာဖြစ်လဲ ! '
ခုန အိညောင်အိညောင် အသံလေးကလည်း
ခုကျ ဘောက်ဆတ်ဆတ်ရယ် . . .'ဟာ နဖူးက ဘာဖြစ်တာလဲ . . Dae! . . '
'ဘာဖြစ်လို့လဲ . . .'
ခပ်တည်တည်ပြန်မေးလိုက်တော့
ဘေးမှာထိုင်ချလိုက်ကာ
Dae ပုခုံးကို အတင်းဆွဲလွဲပြီး
သူ့ပေါင်ပေါ်အိပ်စေသည် . .
