Dae ~ ~ ~ 8

641 85 12
                                        

~ ~ ~ Diary ရေးလေ့မရှိတဲ့ကိုယ်ကလေ
မင်းအကြောင်း တခုတ်တရ ချရေးထားတဲ့
စာအတိုအစလေးတွေ
ကိုယ့် Note book လေးထဲ အပြည့်ပေါ့ကွယ် ~ ~ ~

@ # @ # @ #

'ဒီအခန်း Password ကို Baekhyunee မွေးနေ့ထားမယ် . . .   060592'

ဟုပြောခဲ့ပြီးထဲက
Baekhyunee ကို သာ Passwords အမြဲဖွင့်စေသည်

Baekhyunee နဲ့ ပတ်သတ်တဲ့တစ်စုံတစ်ရာကို
Baekhyunee ကိုယ်တိုင် တာဝန်ယူပေါ့ . . .

ဘောက်ဆတ်ဆတ် လျှောက်လာသော Baekhyunee ကိုကြည့်ရင်း
လှစ်ခနဲ ပြုံးမိသော်လည်း ပြန်တည်လိုက်မိ၏

ကျွန်တော့် Kiss scene ရိုက်လို့ ကျွဲမြီးတိုသွားမှန်းသိသော်လည်း
အထူးတလည် ရှင်းပြချင်စိတ်မရှိ . . .

Password တတီတီ နှိပ်ကာ တံခါးဖွင့်ဝင်သွားသော
Baekhyunee နောက်မှ လိုက်ဝင်ရင်း
Sofa ပေါ် ခပ်လျောလျော လှဲချမိသည်

'Baekhyunee . . '

မျက်ဝန်းတွေကို မှေးမှိတ်ရင်း ခေါ်လိုက်တော့

'Nae .. Wae yo ?? Dae ahh . .  နေမကောင်းဘူးလား '

ခြေသံဖွဖွလေးက အနားလာရပ်ကာ မေး၏

'Arnyi . .  Baekhyunee ခဏ ထိုင်ဦး . .
ပြောစရာ ရှိတယ် '

'Nae '

ကိုယ့်ရှေ့ရောက်လာသော ပုံရိပ်စစ်လေးအား
စူးစိုက်ကြည့်လိုက်ရင်း

'Dae ဟို တစ်ခါ ပြောထားတဲ့ SM audition ဝင်ပြိုင်ဖို့'

'Arrrr ! ! '

ငြင်းဆန်လိုဟန် သူ့ပုံစံကို ထိန်းချုပ်ရန်
လက်များကို ဆွဲယူ ဆုပ်ကိုင်လိုက်သည်

'Baekhyunee .. Dae နဲ့ တူတူ သီချင်းမဆိုချင်ဘူးလား '

(လိမ်ညာပါရစေ . .  မျှော်လင့်ချက်တွေ ပေးပါရစေ)

'Nae ???'

'Dae ကလေ Baekhyunee နဲ့
Solo collaboration  တစ်ခုလောက် ဆိုဖူးချင်တယ် . .
Dae မှာ အလို စိတ်ကူး တကယ်ရှိတယ် '

'Dae!! '

တလက်လက် အရောင်တောက်လာသော
Baekhyunee မျက်ဝန်းတွေ
ွမယုံနိုင်သလို အံ့သြခြင်းအပြည့်နဲ့
ကြည်နူးခြင်းတွေ ရောယှက်နေသေးလား မပြောတတ်

Dae { Complete }Where stories live. Discover now