Dae လက်ထဲထည့်ပေးခဲ့တဲ့ အောင်မြင်ခြင်းက
တကယ့်ကို အသုံးဝင်ခဲ့ပါတယ် . . .
နေ့စဉ် အိပ်ချိန် စားချိန်ကလွဲ Schedule အပြည့်နဲ့ . . .ကိုယ့်ကို ချစ်ခင်အားပေးသူတွေ အတွက်
ကိုယ်ဟာ အကောင်းဆုံးကြိုးစားရင်း
သူတို့ရဲ့ လက်ခုပ်သံတွေကြားထဲ စီးမျောရင်း
သူတို့ အချစ်တွေနဲ့ ပျော်ရွှင် ကျေနပ်ရင်း . . .ဒါပေမယ့် . . .
ဒါပေမယ့်လည်း Dae . . .အဲ့ အောင်မြင်ခြင်းတွေက
အထီကျန်ခြင်းတွေကိုတော့ မချေဖျက်နိုင်ဘူး Dae . . .# # #
""Baekhyun!!!!""
မီးရောင် တဖြတ်ဖြတ် နဲ့ လျှောက်လမ်းတစ်လျှောက်
ကိုယ့်နာမည် အသည်းသန်အော်နေတဲ့
နှုတ်ခမ်းနီမလေးတွေကို လက်ပြရင်း
လူက စိတ်လှုပ်ရှားစွာ ရင်တထိတ်ထိတ် . . .(MMA ပွဲကို Dae လည်း သေချာပေါက် တက်မည်သာ)
ကိုယ်က ပေါက်စမို့ တွေ့သမျှ Senior တွေကို
တရိုတသေ လိုက်လံနှုတ်ဆတ်နေရင်းမှ
မြင်ကွင်းထဲ ဝင်လာသော အပြုံးတစ်ပွင့် . . .အမြဲ ရင်ကို အေးချမ်းစေသော
ကော့ညွှတ်နေသည့် နှုတ်ခမ်းတစ်စုံရဲ့ တွန့်ချိုးနေမှု . . .တဒိတ်ဒိတ် တိုးလာတဲ့ ရင်ခုန်မှုကို
အလန့်တကြား သတိထားမိပါရဲ့ . . .ထို့အတူ တစ်ပြိုင်တည်း ခံစားလာရတဲ့ နာကျင်မှု . . .
(Byun Baekhyun ရယ်
သူ့မှာ သက်ဆိုင်သူ ရှိနေပြီမဟုတ်လား)ရုတ်တရက် သူ့မျက်ဝန်းတွေဟာ ကိုယ့်စီရောက်အလာ
ကိုယ်ဟာ ဘယ်လို ရင်ဆိုင် တုန့်ပြန် ရမယ် မသိခင်နှုတ်ခမ်းတွေကို ပိုမို ကွေးညွှတ်ကာ ပြုံးလေသော Dae
ရင်ထဲ ဟာဆင်းသွားသော ခံစားမှုကို
အဓိပ္ပာယ် ရှာမရခင်
မျက်ဝန်းတို့ စိုစွတ်လာခြင်းက လျင်မြန်စွာ . . .'Baekhyun'
လက်မောင်းတွေကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း
ခပ်တိုးတိုးခေါ်သော Manager Chanyeol'immm' ဟု မပီမသ ဖြေရင်း
သူ့လက်တွေကြားမှ ခပ်ဆတ်ဆတ် ရုန်းလိုက်မိပြီး
(စိုးထိတ်စွာဖြင့်)
နှုတ်ခမ်းပါးတွေကိုသာ ဖိကိုက်ချလိုက်မိသည် . . .
![](https://img.wattpad.com/cover/124268162-288-k452034.jpg)