Dae ~ ~ ~ 9

681 82 26
                                    

အသိစိတ်က ခန္ဓာနဲ့ ကောင်းစွာ မကပ်ငြိသေးချိန်မှာပဲ
ခံစားလိုက်ရသည့် ရင်အုံက တင်းကြပ်နာကျင်မှု . .
(ဘာလို့ပါလိမ့်)

ရုတ်တရက် တွန်းတိုက်ထွက်လာသည့် မှတ်ဥာဏ်က

'Dae . . '

မျက်ရည်တို့ပါ ပါဝင်လာသည့် နာကျင်ခြင်း . . .

ဆတ်ခနဲထထိုင်လိုက်မိသည့်နောက်
ကိုယ်ဟာ ကြံရာမရစွာ ဘာလုပ်ရမည်မှန်းမသိ

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲ
ဝမ်းနည်းခြင်းက လှုပ်ခတ်လာသည်ထင်ပါ့
လက်နှစ်ဖက်ဖြင့် ပိုက်ထားသော ဒူးပေါ်
ခေါင်းငုံ့ချကာ တစ်အိအိငိုကြွေးလိုက်မိသည် . . .

သူ့ကို ကိုယ်ဟာ ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးသော်လည်း
တစ်စုံတစ်ယောက်နှင့် သက်ဆိုင်သွားပြီဟူသော အသိက
အလုံးစုံသော ခံစားချက်တွေကို
လေဟာနယ်ထဲ တွန်းချခံရသလို ဗလာကျင်းသွားစေသည် . . .

*ချစ်တယ် Dae* လို့ ဆိုညည်းပိုင်ခွင့်တွေ မရှိတော့
သူ၏ ပေါင်းစည်းခြင်းအား စိတ်သန့်စွာ မနှီးနှောနိုင်တော့

အဒါထက် Dae က . .
Dae ဆီက . . အချစ်တွေ မျှော်လင့်ခွင့်မရှိတော့

အလန့်တကြား ခေါင်းမော့ကာ
ကူကယ်ရာ တစ်ခုခုကို ရှာနေမိသည်
(စိတ်ဖောက်ပြန်သူတစ်ယောက်လို မျက်ဝန်းတွေဖြင့်)

သူ့ကို တကယ်ဆုံးရှုံးရတော့မည်ဆိုတာထက်
သူဟာ ပိုင်ရှင် ရှိသွားတော့မည်ဆိုသည့်အသိက
(ဒါဟာ ကျွန်တော့်ရဲ့ အကြောက်တရား)

ဒူးပေါ် လျော့ရဲကျနေသော စောင်ထူထူကို
ရင်ဘတ်ထိ ဆွဲယူ ထွေးပွေ့လိုက်ရင်း
တဆတ်ဆတ်တုန်နေတဲ့ နူတ်ခမ်းတွေနဲ့
လက်သည်းတွေကို တတိတိကိုက်ပြီး
ချောက်ခြားစွာ ငိုကြွေးနေမိတယ် . . .

ခြေသံသဲ့သဲ့ ကြားတော့
အခန်းတံခါးဆီ ဆောက်တည်ရာမရစွာ ကြည့်မိတယ်

'Dae . . '

'Baekhyunee . . . '

ကျွန်တော်ရဲ့ ပုံစံဟာ အတော်ဆိုးဆိုးဝါးဝါး နိုင်နေလားမသိ
Baekhyunee လို့ တအံ့တသြ ခေါ်ဆိုရင်း
မပြေးရုံတမယ် အနားရောက်လာသည်

Dae { Complete }Where stories live. Discover now