Dae ~ ~ ~ 5

764 93 31
                                    

~ ~ ~ ဒီရူးသွပ် ခြင်းမှာ
ဘယ်သူ မြောက်ထိုးပင့်ကော်လုပ်ခဲ့သလဲ
Dae မသိရင်တောင်
ကောင်းကောင်း ရူးသွပ်နေပြီဖြစ်ကြောင်းတော့
သိဖို့ကောင်းတယ် Dae ~ ~ ~

@ # @ # @ #

'Baekhyunee . . '

ကျွန်တော်ရဲ့ Sandwich ကို
အလယ်ခွဲကာ အသားတွေချည်း တူနဲ့ ညှပ်ဖယ်နေသော
Dae က ခေါ်သည်

'Nae . . '

'S.M မှာ လူရွေးပွဲ ရှိတယ် . . ဝင်ပြိုင်ကြည့်ပါလား . . '

ပြောပြီး ဆလက်ရွက်တွေကို Mayonnaise နဲ့ ပွတ်သပ်ပစ်ကာ ပါးစပ်ထဲထည့်သည်

'Nae ?? . . Waeyo ? '

ကျွန်တော် လက်ထဲက Orange juice ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း

'မနက် စောစောစီးစီး အာ့ကြီးသောက်နေတယ် . . .
နို့လေး ဘာလေး သောက်တာ မဟုတ်ဘူး . . . '

'Nae??? '

ကျွန်တော် တအံ့တသြ ရေရွတ်မိပြန်သည်

သူကတော့ Sandwich ပန်းကန်ထဲ Mayonnaise တွေ
ထပ်ထည့်နေပြန်သည်

'ဘယ်လိုလဲ . . ဘယ်လိုလဲ . . . အမေးတခြား အဖြေတစ်ခြား ဖြစ်တာ ဘယ်လိုနေလဲ . . အဟင်း . . '

နှုတ်ခမ်းတွေ ကော့ညွှတ်ကာ ပြုံးရင်း မေးသည်

'Arrrr . . . '

ကျွန်တော် တစ်ခုခု သဘောပေါက်ကာ ပြုံးပြ မိသည်

'Baekhyunee က အသံကောင်းတာပဲဟာ . . .
ကိုယ့်သီချင်းတွေ လိုက်ဆိုနေရင်လေ . . .
တကယ် နားထောင်ကောင်းတာ . . . '

သူနဲ့ အချိန်ပြည့်နီးပါး အတူရှိနေသည်ကိုပဲ
သူ့ပုံတွေကြည့် . . သူ့သီချင်းတွေ အမြဲနားထောင်နေမိသည့်
ကိုယ့်ကိုယ်ကိုယ် လည်း စိတ်ပျက်မိသွားသည်

တစ်ခါတစ်ရံ
သတိလက်လွတ် ဆိုညည်းမိသည်က ရှိသေးသည်
(စိတ်ပျက်စရာ )

'မဟုတ်တာ . . Dae ကလည်း . . . '

'Baekhyunee က ကိုယ့်ကို မယုံဘူးပဲ '

'အလိုလည်း မဟုတ် . . . အာ . .
အဒါက ဘယ်လိုစားနေတာလဲ Dae ရဲ့ '

Mayonnaise များနှင့် ပေါင်မုန့်ကို Coffee ထဲ ထိုးနှစ်နေပြန်သည်ကြောင့်
ပြောလက်စ စကားများရပ်ကာ
အူကြောင်ကြောင် မေးမိသည်ထိ

Dae { Complete }Where stories live. Discover now