Dae ~ ~ ~ 7

700 88 27
                                    

~ ~ ~ ကြေကွဲစရာ အိပ်မက်တို့ဖြင့်
         လူလားမြောက်ခဲ့သူ အသင်  ~ ~ ~

@ # @ # @ #                   

တကယ်ဆိုရင် ဒီဝမ်းနည်းမှုကို ကျွန်တော် နှစ်သိမ့်ပေးချင်တာပေါ့
ကျောပြင်က တိတ်တဆိတ်ရှိုက်ငိုနေခြင်းကို
ကျွန်တော် မခံစားမိဘူးလို့ ထင်သလား Dae . . .

ခင်ဗျားတစ်ညလုံး အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့
တစ်သိမ့်သိမ့် ရှိုက်ငိုနေတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်တောင် သိရဲ့လား Dae ရယ်

ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ရင်ခွင်ကို ပြေးဝင်လာတတ်တာကိုတော့
တကယ် ကျေနပ်မိတယ် Dae . .

ရူးရူးနှမ်းနှမ်း ချစ်တာမို့
Dae မျက်ရည်တွေကိုလည်း ကြင်နာနိုင်ပါရဲ့ . . .
(မသုတ်ရက် မဖယ်ရက် ရင်အကွဲခံပြီး)

Minmin နဲ့ တွေ့ခဲ့တယ် ဆိုတယ့် စကားအပေါ်
ဘာမှ ထပ်မမေးရက်
ကိုယ်တိုင်လည်း မကြားရဲသလို
သူခံစားနေရသည်ကို မျက်နှာချင်းဆိုင် ထိုင်ကြည့်နေရလောက်အောင်
ကျွန်တော် ခံနိုင်ရည်စွမ်းမရှိသေးပါ

~ ~ ~

ဒီချစ်ခြင်းမှာ ကျွန်တော်ဟာ လုံးလုံးလျားလျားကျဆုံးခဲ့ပြီးပြီပဲ

ဟင့်အင်း အဲ့ထက်ပိုတယ်
တင်ထားတာထက်ပိုပြီး ရူးသွပ်နှင့်ပြီ . . .

တစ်ချိန်ချိန်တော့
ကျွန်တော်ဟာ ဒီအတိုင်းလေးပဲ ကျန်နေခဲ့မှာသိတယ်

ကျွန်တော်ရဲ့ ထာဝရဆိုတာက
Dae ကျွန်တော့်ကို မစွန့်ပစ်ခင်ထိပေါ့

ပိုင်ဆိုင်ရယူလိုစိတ်ဟာ အသွားတစ်ခုဆို
ကျွန်တော့် နှလုံးအိမ်မှာပဲ ပြန်ထိုးစိုက်ထားတယ်
Dae ကို နည်းနည်းလေးတောင် မထိရှစေရ . . .

ကျွန်တော်ရဲ့
ငရဲ နဲ့ ကောင်းကင်းဘုံဟာလည်း
Dae တစ်ယောက်တည်းပဲ . . .

# # #

'Baekhyunee ထ . . ထတော့ . . Dae ဗိုက်ဆာတယ်'

အိပ်ယာကထထိုင်ရင်း ရှုပ်ဖွာနေသော
blonde color ဆံနွယ်တို့နှင့်သူက
အမွှေးစုတ်ဖွား ခွေးလေးတွေနှင့်တူ၏

'inn . . အပြင်မှာတစ်ခုခုသွားစားမလား . . arrr 3:00 တောင်ရှိနေပြီ . . တစ်ခါတည်းပြန်ရအောင် '

Dae { Complete }Where stories live. Discover now