Part -2

1.7K 126 61
                                    

"လူကြီးမင်း ဘယ်နားထိသွားသေးလဲ..." Ji Hoon ပျာယာခတ်စွာ မေးကြည့်သည်..

"တခြားလူဆို မင်းသေပြီ..Boss မို့လို့.." မန်နေဂျာက ဖိဟောက်တော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကယောင်ချောက်ချား မေးမိတာ .."ကျတော် အလုပ်ပြုတ်မှာလား.."..

"ဝန်ထမ်းအသစ်ထင်တယ်...Boss က ကိုယ်ပါ..ပြီးတော့ ကိုယ်က accident တခုကို အဲ့လောက် ယိုးမယ်ဖွဲ့ရအောင် သဘောထား မသေးသိမ်ပါဘူး..." ပြောရင်းနဲ့ သူအပေါ်ကုတ်ကို ဆွဲချွတ်လိုက်သည်

Guan Lin...Ji Hoon ရင်ဘတ်က နာမည်ပြားလေးကို ကိုင်ကြည့်ပြီး ပြောလိုက်သည်..."Park Ji Hoon တဲ့လား..အင်္ကျီလဲပေးတော့...လဲပေးရင် အလုပ်မပြုတ်တော့ဘူး.."

"ဟုတ်..ဟုတ်.." Boss ရဲ့အမိန့်ကို ကျတော်မငြင်းသာ...

ဒါ Boss ရဲ့ ရုံးခန်းပေါ့..ခမ်းနားလိုက်တာ..

"Ji Hoonie ဘာလုပ်နေတာလဲ ဟိုဗီရိုထဲမှာ ငါ့အင်္ကျီတွေရှိတယ်...လိုက်ဖက်တဲ့ဟာလေးတွေ ထုတ်လာခဲ့...ဒါမတိုင်ခင် ငါ့ကို သန့်ရှင်းရေးလုပ်ပေးဦး..."

"ဘာကို ဘယ်လို..??"

"ငါပြောတာ နားမလည်လို့လား.."

"ဖြေးဖြေးပြောပါ...အရမ်းမြန်ရင် နား..နားမလည်..လို့ပါ.."

ဒါလေးတောင် နားမလည်ရန်ကော...လေပူတချက်မှုတ်ထုတ်ရင်း Guan Lin က သူ့စားပွဲအဖျားမှာကပ်ထိုင်ရင်း Ji Hoon ကို ခေါင်းစခြေဆုံး တချက်ကြည့်လိုက်သည်..

ပြောရင်လည်း မထုံတထေးရုပ်နဲ့ နားလည်သလိုလို နားမလည်သလိုလို လုပ်နေမှာမို့ sign language သာ သုံးဖို့ဆုံးဖြတ်လိုက်သည်...ကောင်လေးက ကျတော့်အနားမကပ်ရဲတာလား ကြောက်တာလားတော့မသိ... ခပ်ခွာခွာ ခပ်လှမ်းလှမ်းက နေနေတာမို့ ကြည့်ရင်းနဲ့ ဆွဲကပ်ချင်လာလို့ ခါးကနေ ကျတော့်ဖက်ကို ဆွဲကပ်လိုက်သည်...ဒီအကောင်သေးသေးလေးကို ဂုတ်ကနေသာ ဆွဲလိုက်လိုက်ရင် ဝက်ပေါက်လေးလို ကားယားကားယားနဲ့ ပါလာလေမလား သိချင်စိတ်ကထိန်းမရ...

Guan Lin က Ji Hoon လက်ဖျားကို ဆွဲကိုင်ပြီး သူ့ အင်္ကျီကြယ်သီးပေါ် တင်ပေးရင်း နောက်တဖက်က ကြယ်သီးကိုလက်နဲ့ထိုးပြသည်..ဖြုတ်ပေးဆိုသည့်သဘော...

Boss and meWhere stories live. Discover now