Part - 3

1.2K 111 27
                                    

"ဒီတခါရောချီချရဦးမလား..ဝက်ပေါက်.."

"Arni arni Boss..."

တောသား ခုမှမြို့ရောက်ဖူးတဲ့ပုံနဲ့ တပတ်ပတ်ကြည့်လိုက်သည်...အိပ်ချင်မူးတူးနဲ့ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ Ji Hoon ပခုံးလေးကို Guan Lin က အသာထိန်းရင်း ဝက်ပေါက်မတ်တတ်အိပ်နေရာက နိုးသွားမှာစိုး၍ ဓာတ်လှေကားထဲ သူတို့ကလွဲလို့ ဘယ်သူမှ ထပ်မဝင်လာပါစေနဲ့ ဟု ကျိတ်ဆုတောင်းမိသည်...

"Boss က ဒီမှာနေတာပေါ့.."

ပထမဆုံး တံခါးကို password နဲ့ဖွင့်သည်..ပထမတံခါးပြီး ဒုတိယတံခါးကို finger print နဲ့ဖွင့်သည်...တတိယတံခါးအတွက်က eye scan ...တံခါးသုံးချပ်ကို ဤနည်းဖြင့် ဖြတ်ကျော်ပြီး နောက်ဆုံး Guan Lin ရဲ့ condo ကို ရောက်ပြီလေ...

"security တွေက အလန်း.."

ရွဲ့သလို ခနဲ့သလိုလို တိုးတိုးလေးပြောတာကိုပင် Guan Lin ကကြားဖြစ်အောင်ကြားလိုက်သေး...

"နောက်တော့ ဒါတွေဘာလို့ လိုအပ်လဲဆိုတာ မင်းသိလိမ့်မယ်..."

"camera တွေဘာတွေတော့ တပ်မထားပါဘူးနော်..." ဒီတခွန်းကတော့ နောက်သလိုလို ဘာလိုလိုနဲ့ စကားနှိုက်တယ်ပဲ ဆိုရမလား...

"မတပ်ထားပါဘူး..တယောက်ယောက်က ငါ့ကိုစောင့်ကြည့်နေတာကို မုန်းတာ..."

Ji Hoon မျက်လုံးကို တက်နိုင်သမျှ အမြန်ဆုံး ကစားလိုက်သည်..လက်ရှိအကဲခတ်သမျှတော့ အသန့်ကြိုက်တဲ့လူပဲ...ယောကျာ်းလေးတယောက်ထဲ နေတာရော ဟုတ်ရဲ့လား...

"အရင်က တူတူနေဖို့ ဘယ်သူ့ကိုမှ မခေါ်ဖူးဘူး မင်းက ပထမဆုံးပဲ...အိမ်မှာအဆင်မပြေတိုင်း ပါးပါးက သူ့အိမ်မှာ ပြန်လာနေဖို့ခေါ်တယ်...ငါကမနေချင်လို့.."

"အာ..နေပါဦး ဒါတွေကို ဘာဖြစ်လို့ မင်းကို ငါကပြောပြနေတာလဲ..."

"ရပါတယ် Boss ဘာဖြစ်ဖြစ် ပြောချင်တာရှိရင် ပြောလို့ရပါတယ်.."

"အခုက မင်းနဲ့ မိတ်ဆက်ပေးစရာ ငါ့ဘော်ဒါကြီး တကောင်ရှိတယ်..."

"တကောင်??"

"သားကြီးရေ ရွှီ..~~~"

ဟာ...ကျတော့်မျက်စိရှေ့မှာ ကျတော့်ရင်ခေါင်းလောက်ရှိတဲ့ ရွှေရောင်အမွှေးတဖွားဖွားနဲ့ ခွေးကြီး...ခွေးဆို သေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် ကြောက်တတ်တဲ့ ကျတော်...

Boss and meWhere stories live. Discover now