"ဒီအိမ်မှာနေမယ်ဆို...ငါ့စည်းကမ်းတော့ လိုက်နာမှ ဖြစ်မယ်..."
"ဟုတ်..ပြောသာပြောပါ.." မျက်နှာသစ်ရေချိုးပြီးကာစ ကြည်လင်သန့်စင်နေတဲ့ boss မျက်နှာကို မော့ကြည့်ချင်ပေမဲ့ အနံ့နဲ့သာ စိတ်ထိန်းလိုက်ရသည်...
ဧည့်ခန်းစားပွဲရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေရင်း တယောက်က သူဌေး vibe နဲ့ လက်နှစ်ဖက်ကို ဟန်ပါပါပိုက်ပြီး ပြောနေသလောက် တယောက်က ခေါင်းကိုငုံ့ ပခုံးကိုကျုံ့ပြီး ရိုရိုကျိုးကျိုးပြန်ဖြေနေရှာ...
"၁.ငါ့ပါးစပ်က ထွက်တာ မှန်သမျှ ဒီအိမ်ရဲ့ စည်းကမ်းပဲ...၂.နေစရိတ်စားစရိတ်ကတော့ အိမ်အလုပ်လုပ်ပြီး ပြန်ဆပ်ပါ...၃.ငါ့ကိုဂရုစိုက်သလို ငါ့ခွေးကိုလည်းဂရုစိုက်ပါ.."
"ဒါပဲလား boss.."
"ငါ့ကဒ်ယူထား..ထမင်းဟင်းချက်ဖို့တော့ သုံးလို့လောက်မှာပါ.."
"နေပါဦး ဒါဘာနံ့ပါလိမ့်..." နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ အနံ့ခံနေသည့် boss က အရမ်းချစ်ဖို့ကောင်းတာပဲဟု တွေးလို့မဆုံးသေးခင်.."ဟာ..ငါ့အိုး.."
Ji Hoon ထိုင်နေရာက မျက်နှာတချက် စိုးရိမ်သလိုဖြစ်သွားပြီး မီးဖိုချောင်ထဲ ပြေးဝင်သွားသည်...ဘာကဘာဖြစ်မှန်းမသိ Guan Lin လည်း Ji Hoon နောက်ပြေးလိုက်သွားသည်...
Ji Hoon မြင်လိုက်တာက အဖုံးဖုံးထားတာကိုကျော်ပြီး ဟင်းရည်တွေက ဝေကျနေ..အမှတ်တမဲ့မို့ အိုးအဖုံးကို သတိလက်လွတ်စွာ ဆွဲဖယ်မိသည်..
"အား..ပူလိုက်တာ.." တချက်ညီးတွားမိသည်...အဖုံးကလည်းပူ ပွက်ပွက်ဆူနေသည့်ဟင်းရည်ကလည်းပူ ဒါကိုပင် Ji Hoon ကသူ့လက်အပူလောင်တာကို အာရုံမရပဲ မီးဖိုချောင်ညစ်ပတ်မှာကို အရင်စိုးရိမ်နေသည်..မီးခလုတ်ကို ပိတ်ပြီးထင်သော်ငြား မီးအပူက လျော့ရုံသာလျော့သည်..လုံးဝကြီး မပိတ်သွား..ထို့ကြောင့် ဟင်းရည်တွေကလည်း ဝေကျမြဲဝေကျဆဲ...ဘေးမှာကလည်း ဝေကျထားသည့် ဟင်းရည်တွေကို လက်နှီးစုတ်တခုနဲ့ ချောင်ကြိုချောင်ကြားမကျန် ဂရုတစိုက်သုတ်နေသည်..
"သေတော့မှာပဲ..." ဘေးက ရပ်ကြည့်နေသည့် Guan Lin မနေနိုင်တော့ လက်အပူကြီး တန်းလန်းနဲ့ သူ့မှာ ပူတာကို ဂရုမစိုက်ပဲ မီးဖိုပတ်လည်ကိုသာ အသေအချာ သုတ်နေသော Ji Hoon စိတ်မရှည်စွာ ဆောင့်ဆွဲရင်း ဘေစင်ဖက်ကို ဆွဲခေါ်လာဖြစ်သည်...ပြီးမှ Tap water ကို ဖွင့်ချလိုက်တော့ သူ့လက်ဖဝါးကြီးထဲက Ji Hoon ရဲ့ နီရဲပြီး ရေကြည်ဖုပင် ထချင်နေသည့် လက်ချောင်းလေးတွေမှာ ရေအရှိန်ကြောင့် အနာစပ်သွားတာလား စိတ်လှုပ်ရှားမှုကြောင့်ပဲလား မသိ တဆတ်ဆတ်နဲ့ တုန်နေရှာ..