ဟုတ်တယ်...။ ခုဆို အရာအားလုံး daily routine ကို ပြန်ရောက်သွားပြီ..လေယာဉ်ပေါ်က ဆင်းထဲက လူအရိပ်ပင်မမြင်ရတော့ ..ယွီရှင်းပြောတာတော့ ပိတ်ရက်တုန်းက အလုပ်တွေ ခုမှ အပီအပြင်ရှင်းနေရသည်တဲ့.. တခြားဟာလည်းမဟုတ် အလုပ်ဆိုတော့ ကိုယ့်ကို ပစ်ထားပါသည်ဟုလည်း မဆိုသာ..
သူတင်မဟုတ်..Woo Jin ကလည်း ဆေးရုံပြန်ဝင်နေပြီမို့ အနားမှာမရှိ..ပေါက်စီမတို့ မန်ထိုမတို့ဆိုသည်မှာလည်း ပိတ်ရက်အတွင်း ဒီတိုင်းပိတ်ထားခဲ့သော Bei Jing အိမ်မှာ ဖုန်ထနေလို့ဆိုပြီး အကျေအလည် သန့်ရှင်းရေးလုပ် ခြံရှင်း ဈေးဝယ်ဖြင့် ခေါင်းလောင်းတီးမခေါ်လျှင် စားချိန်သောက်ချိန်ကလွဲ အနားမှာမရှိ...ကိုကိုအနားရှိစဉ်က သန့်ရှင်းရေးကအစ လုပ်ပေးခဲ့သော်ငြား ခုတော့ ကိုယ့်ဘာသာလုပ်နေရသည်...
တရက်...
နှစ်ရက်...
သုံးရက်...ကျတော်သူ့ကို လွမ်းသည်...အရင်လို အားတိုင်းဖက်နမ်းဖို့နေနေသာသာ ကျတော်အိပ်ရာထချိန် သူမရှိတော့...ကျတော်အိပ်ပျော်ပြီးမှ သူအိမ်ရောက်လာသည်..အရင်လို ဆေးချော့တိုက်ဖို့ နေနေသာသာ မနက်မိုးလင်းလင်းချင်း ဆေးလုံးလေးများကသာ စောင့်ကြိုနေသည်....morning kiss နှင့် good night kiss တွေပင်ရလားမရလား မသေချာ..ကျတော့်ကို ရိုးအီသွားပြီလား အသစ်တွေ့နေပြီလား...ပိုက်ဆံရှာနေတာရော ဟုတ်ရဲ့လား...စသည်ဖြင့် သံသယ အပိုင်းအစလေးများက နေ့စဉ်ရက်ဆက် ဒုက္ခပေးနေ၏...
စိတ်သွားတိုင်း ကိုယ်မပါနိုင်ခြင်း၏ တရားခံကား ခြေထောက်...ဟုတ်တယ် လမ်းပြန်လျှောက်မှရမယ် နေရာတိုင်းကို တတောက်တောက်လျှောက်နိုင်ဖို့ဆို သာမန်လူလို လျှောက်နိုင်မှဖြစ်မည်လေ....
"ဟျောင့်...ဘာတွေတွေးပြီး ငေးနေတာလဲ...."
ကျတော့်စိတ်က Guan Lin သာဖြစ်လိုက်ပါတော့လို့ ဆုတောင်းလိုက်ပေမယ့် ဦးနှောက်က Woo Jin ဟုသာ အဖြေထုတ်နေသည်...
"ဘာလို့ မျောက်မှိုင်မှိုင်နေတာလဲ...."
Wheel chair ရှေ့မှာ ဒူးတဖက်ထောက်ပြီး လက်ကိုင်ကာ မေးရှာသော Woo Jin ကို ဘယ်ကစဖြေရမှန်း ကျတော်မသိပါ....အလိုက်ကန်းဆိုး မသိသော မျက်ရည်များက ပိုင်ရှင်ကို သစ္စာဖောက်ကာ ပါးပြင်ပေါ် လိမ့်ဆင်း၏