မွေးထဲက တခါမှ သဝန်တိုမှုဆိုတာ ဖြူမှန်းမည်းမှန်းပင် မသိသော ကျတော်...သူနဲ့မှ ချိုချဉ်ဖန်ခါးအစုံစုံတို့ကို ကြုံရလေတော့သည်..."PARK JI HOON!!!!..."
"ကိုကို..!!??"
မထုံတထေး မျက်နှာပေးနှင့် လူစိမ်းလက်ပေါ်မှ ကောင်ငယ်လေးသည် ကျတော့်ရင်အစုံအား မုန်တိုင်းထန်စေသည်...
"ဒါ...ငါ့ယောကျာ်း..."
များများစားစား ရှင်းပြစရာကိုမလိုပဲ တိုတိုတုတ်တုတ်နှင့် လူစိမ်းလက်ထဲမှ ဘေဘီ့ကို ဆတ်ခနဲ ဆွဲယူပွေ့လိုက်သည်....
"အာ...ကိုကို...ကိုကိုလုပ်ပုံက Hyung ကို အားနာစရာကြီး..." တဖက်လူကို အားနာသမှုဖြင့် Ji Hoon မှာရှိသမျှသွားတွေကို ဖြဲပြဖြစ်သည်...
Ji Hoon ကို ခုတင်ပေါ် အသာအယာချပြီးမှ Lai Guan Lin ၏ စစ်ကြောရေးက စတင်တော့သည်...ပညာရှိနည်းနဲ့ပေါ့...
"တွေ့ရတာ ဝမ်းသာပါတယ်...ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီး Lai Guan Lin ပါ..Laji အိမ်တော်က ကြိုဆိုပါတယ်.."
သူနဲ့ Daniel တွေ့တာမှ နှစ်မိနစ်မပြည့်သေး...သူ့လူဖြစ်ကြောင်း သက်သေတွေ ထူနေလိုက်တာ...
"အော်..နာမည်ကြီးနေတဲ့ Lai Guan Lin ကိုး...လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခင်ဗျားကို ShinHan bank ကိုယ်စားလှယ်အနေနဲ့ တွေ့ဖို့ပြောဖူးတဲ့ Kang Daniel ပါ...မတွေ့ဖြစ်လိုက်ပေမဲ့လို့ပေါ့..."
နက်မှောင်သော ဆံကေသာတို့ကို အပြောင်သိမ်းထားပြီး ကျယ်ပြောတဲ့ ပခုံးသားတွေနဲ့ ခြောက်ပေအရပ်ဟာ..Daniel မှာ ပေါ့ပေါ့သေးသေး ပြိုင်ဖက်မဟုတ် ဟု သတိပေးနေသယောင်...ဘာဖြစ်မှန်းမသိ Guan Lin ကတော့ စိတ်ထဲ လေးလံလာသည်ကိုသာ ခံစားရလာသည်...
ယောကျာ်းသားနှစ်ဦးမှာ ရိုးရိုးမိတ်ဆက်ကာ လက်ဆွဲနှုတ်ဆက်ကြနေသည်ဟု အထင်ရှိသော်ငြား တယောက်နဲ့တယောက်စိုက်ကြည့် အကဲခတ်နေသလို လက်တွဲပင်မဖြုတ်သေး...
"ဟုတ်ပါပြီ...ShinHan ကိုယ်စားလှယ်က ကျတော့်အိမ်ကို ဘယ်လိုဖြစ်ပြီးရောက်နေ...နိုးနိုး..ဒါတင်မကသေးဘူး...ဘာလို့ ဘေဘီ့ကို ချီထားရတာလဲ..."
"အရေးပေါ်သွေးလိုတယ်ဆိုလို့ လာလှူတာပါ...ချီလိုက်တာတော့ ပွစိက လမ်းမလျှောက်နိုင်လို့လေ...အရင်ကလည်း ပွစိကို သွေးလှူနေကြပဲ..."