"ဆရာ အရေးပေါ် VIP လူနာပါ..."သူနာပြုရဲ့ အရေးတကြီး လေသံကြောင့် လချူပ်စာရင်းတွေကို ပစ်ချပြီး Chen Li Nong Emergency ဌာနကို ပြေးရသည်..
"GCS 8 male ..BP 70/40 pulse 140 no external lesion..marked pallor"
ဆေးရုံကားပေါ်က ရှေးဦးသူနာပြုက လူနာကုတင်လှည်းကို တွန်းလည်းတွန်း EMO ကြားအောင်လည်း အော်ပြောနေသည်..
"သတိလုံးဝပြန်မလည်လာဘူးဆရာ..."
EMO Park Woo Jin လူနာကို ကြည့်ပြီး လန့်ဖျပ်သွားသည်..သွေးစုပ်ဖုပ်ကောင်လို ဖြူဖျော့နေပြီး သတိကင်းမဲ့နေသူဟာ သူ့သူငယ်ချင်းအရင်းခေါက်ခေါက် ...
[EMO=emergency medical officer]
"Trauma room ကိုပို့.." အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ထားလိုက်ပြီး သူပါကုတင်လှည်းကို တွန်းပြီး resus ခန်းကို အမြန်ပို့ရသည်...
"လူနာရှင်နေခဲ့ပါ.." ဟူသော သူနာပြုစကားကြောင့် Guan Lin အခန်းဝမှာပင် နေခဲ့ရသည်..
"Chen Li Nong..ရော..VIP ရောက်နေတယ် သူကိုယ်တိုင်ဆင်းကုလို့.." တောင်စဉ်ရေမရာစွာ အနားက သူနာပြုတွေကို Guan Lin ငေါက်ငမ်းမိသည်....ထိုတော့မှ Nong Nong က ကမန်းကတမ်း ဓာတ်လှေကားကနေပြေးထွက်လာ၏...
"အရေးပေါ်လူနာဆို.." ဘေးက သူနာပြုကို Nong Nong ထပ်မေးသည်..ပြီးမှ အခန်းဝက Guan lin ကိုမြင်သွားပြီး .." Lai Guan Lin..?"
"အထဲက လူကို ကယ်ပါနော်...Nong Nong ရယ်..မင်းတောင်းဆိုတာ ငါအကုန်လိုက်လျောပါ့မယ်...." Guan Lin ပုံမှာ တကယ်ကို အရေးကြီးနေတဲ့ပုံ..
အထဲမှာလည်း..EMO Park Woo Jin...တယောက်ဗျာများနေသည်..
"IV line ဖောက် Blood bank ကို အကြောင်းကြား..Blood group A minus ငါးထုပ်လိုတယ်လို့...ခုတော့ Cryoprecipitate ထည့်ထား..Oxygen လည်းပေးထား ...လက်ကို သွေးကြောဖောက်ရင် သတိထား သူက hemophilia (သွေးမတိတ်ရောဂါသည်) ငါ့လူနာလည်းဖြစ်လို့ ငါသိတယ်" ပါးစပ်က တရစပ် အမိန့်ပေးရင်း Woo Jin ခမျာ Ji Hoon မျက်လုံးတွေဖြဲကြည့် စမ်းကြည့်နှင့် တော်တော်အလုပ်ရှုပ်နေသည်...ခြေထောက်ကို ကိုင်ကြည့်တော့ ခြေထောက်က ပျော့ဖတ်နေ..သွားပြီ..ဦးနှောက်ထဲ သွေးစိမ့်နေပြီထင်တယ်..
[Cryoprecipitate= ခဲအောင်ပြုလုပ်ထားသော သွေးခဲပစ္စည်း သီးသန့်ချည်း စုထားခြင်း]