Morning~~
🎶🎵 I am in love with the shape of you. 🎶🎵
ခပ်တိုးတိုး ထွက်လာတဲ့ ဖုန်းသံကို Guan Lin မျက်စိမဖွင့်ပဲ လျှောက်စမ်းရင်း စားပွဲပေါ်မှာ စမ်းမိလိုက်သည်..ကြည့်လိုက်တော့ အတွင်းရေးမှူး ယွီရှင်း...
"ယွီရှင်း..ဘာလဲ..."
"Boss မနက်ပိုင်းမှာ ဥက္ကဌကြီးက family အစည်းအဝေးခေါ်ထားပါတယ်..ခု ၉ နာရီထိုးနေပြီလေ ..boss အိပ်ပျော်နေတယ် ထင်လို့ လှမ်းနှိုးတာပါ..လက်မှတ်ထိုးစရာတွေလည်း အများကြီးပဲ.."
"အေး..လာခဲ့မယ်..အတွင်းရေးမှူးအသစ်လည်းခေါ်လာခဲ့မယ်.."
ငုံ့ကြည့်လိုက်မှ ဖုန်းချပြီးသည့်တိုင် သူ့ရင်ခွင်ထဲက တယောက်က မနိုးသေး..သူ့ဘယ်ဖက်လက်ကိုကြည့်လိုက်တော့ ဝက်ပေါက်လက်နှင့် ယှက်ထားရက်သား..ဒါဆို တညလုံး ဒီပုံနဲ့ အိပ်နေတာပေါ့..သူအိပ်ပျော်နေတာ မနှိုးချင်ပေမဲ့ သူ့ဆီမှာက တာဝန်ဝတ္တရားအရ ထပြီးရုံးသွားရမည်လေ..ယှက်ထားတဲ့ လက်လေးကို အသာလေးဖြုတ်လိုက်တော့ သကောင့်လေးက လူးလွန့်လာသည်...
"Boss..နိုးပြီလား..."
"ငါက မင်းကို ပြန်မေးရမှာ..နိုးပြီလား ဝက်ပေါက်.."
"ဟီး..အိမ်မက် မက်နေလို့.."
"ဟုတ်လား..မင်းအိပ်ရင်းပြုံးနေပါတယ်လို့..ပြော ဘာအိမ်မက်လဲ.."
"Yi Fan ge နဲ့ ကျတော်နဲ့ ဆော့နေတာ.."
မနက်ခင်းရဲ့ အလှတရားလေးတွေ နှင့် အပြုံးလေးတွေ ဆပ်ပြာပူစီဖောင်းပေါက်သလို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်..
"ထ..ပြီးရင် ငါနဲ့ တူတူ ရုံးတက်ရမယ်..နောက်တခါ ငါ့ရှေ့မှာ တခြားယောကျာ်းအကြောင်း ထပ်ပြောရင် ဒဏ်ပေးခံရမယ်.."
ဒဏ်ပေးခံရမယ် ဆိုတဲ့ စကားကြားရမှ Ji Hoon ကတမ်းကတန်း ထပြီး သူ့လက်ဆစ်တွေကို ကြည့်မိသည်...ညိုမဲစွဲနေသည်မှာ မြင်မကောင်း..ပိုဆိုးသည်မှာ လက်ကောက်ဝတ်တွေပါ ညိုမဲနေသည့်အပြင် လည်ပင်းတွေပါ အကွက်ထနေသည်..မသိရင် Love bite တွေနှင့်ပင် ခပ်ဆင်ဆင်..
အိပ်ရာပေါ်က အထမှာ ခေါင်းကမိုက်ခနဲ..သတိလက်လွတ်စွာ ခေါင်းကို ဖိကိုင်လိုက်သည်ကို Guan Lin ကမြင်သွားသည်...