Part - 5

1K 92 41
                                    

"Wing Wing Wing Wing Boomerang..."

"Hello..."

"Park Ji Hoon အခြေအနေ..."

"မင်းအဖေပဲ ..ဒီလောက်တော့ အပျော့ပါ.."

"မသာ...အေးအေး မင်းအကြောင်း ငါကမသိဘူးဆိုတော့..."

"ဒီလိုလူမျိုးကို ကိုင်တွယ်ရတာ ဘယ်လိုမှန်းကို မသိတော့ဘူး..Woo Jin ရေ..ခုထက်ထိ တွေးမိတာက ငါသာ မိန်းခလေးဆို သူ့ကိုကြွေပြီဆိုတာပဲ..."

"မင်းအဘက ထင်ထားတာထက်လည်တယ်နော်...သတိထားဦး ဘာမှမပြီးခင် မိသွားဦးမယ်.."

"ငါကပိုလည်တယ် ...မင်းဘိုးအေ မလည်ပဲနဲ့တော့ Great China company မှာ ဘယ်လို နေရာရမှာလဲ...သူ့ညီအကိုတသိုက်ကလည်း ခေမှမခေပဲ...အငယ်ဆုံးဖြစ်ပြီး လုပ်ပိုင်ခွင့်ရထားတာကို...ဒါပေမဲ့ ငါကတော့ ရိုးသားထင်တယ်လို့ ဘာလို့ထင်နေမိတာပါလိမ့်..."

"အဲ့ဒါ ငါဘယ်လိုသိမလဲဟ...ဒါနဲ့ ဟိုတယောက်ကရော.."

"ဘယ်တယောက်တုန်း..."

"Wu Yi Fan လေ.."

"မသိဘူး..Yi Fan hyung ကို ပြန်တွေ့ခွင့်ရပါ့မလား..လက်ရှိ Great China လေကြောင်းလိုင်း CEO ဖြစ်နေတယ်လေ..."

"ဒါနဲ့ Daniel hyung ရော..နေကောင်းလား..."

"သူက စီးပွားရေးကိစ္စတွေနဲ့ပဲ လုံးပန်းနေတယ်ရော..သူက တရုတ်ကို လိုက်လာမယ်တဲ့...ဌာနက ကိစ္စတွေ မပြတ်သေးလို့..ဟိုက မင်းကိုလွမ်းကြောင်း တနေ့တနေ့ ငါ့ဆီလာလာပြောရတာ အမော...မင်းကို တိုက်ရိုက်ပြောပါဆိုတော့လည်း မဟုတ်ဘူး..."

"Daniel ကတော့ နောက်ပြီ...လုပ်စရာရှိတာ လုပ်ပြီးရင် ပြန်လာမဲ့လူကို တသသလွမ်းနေသေး..ဒီတရုတ်တွေကို ငါကိုင်တွယ်နိုင်ပါတယ်..Yi Fan hyung ကိုလည်း ပြန်တွေ့ပြီး ..."

Ji Hoon ပြောစကားကို Woo Jin မစောင့်နိုင်..သူသိချင်တာကိုသာ အရမေးလိုက်သည်..

"မင့် အချစ်ဦးကို မမေ့သေးဘူးပေါ့..Daniel ကမင်းကို ဘယ်လိုတောင်..."

"First love teach you how to love ပါ..မေ့ရခက်ပါတယ် Bro...Daniel ကငါ့အကြောင်း သိတဲ့လူပဲ..ချစ်တာကြိုက်တာထက်စာရင် သနားတာပဲဖြစ်မှာပါ.."

စကားစဖော်ပြီးမှ Woo Jin နောင်တရသည်...ဒီကောင်လေး ဆယ်ကျော်သက်မှာ Wu Yi Fan ကို ဘယ်လိုတောင် စွဲလမ်းပြီး သူတရုတ်ပြည်ပြန်သွားချိန်မှာ ဘယ်လောက်တောင် ခံစားရခက်ခဲ့တယ်ဆိုတာ ကာယကံရှင်မှလွဲ၍ သူသာလျှင် အသိဆုံး...ခုလည်း Wu Yi Fan ကိုပြန်တွေ့ချင်လို့ တရုတ်ပြည်ထိ လိုက်လာခဲ့တာ.. သူ့အကိုနဲ့ သူ့မရီးအတွက် သွေးကြွေးပြန်တောင်းဖို့ ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို အားလုံးက ဝိုင်းကန့်ကွက်နေတဲ့ကြားက သူရွေးခဲ့တာ..Lai Guan Lin အဖေကို မကျေနပ်တာနဲ့ ကြားထဲက အသုံးချခံ Lai Guan Lin သာသိရင်ဖြင့် ...ဟူး...ဆက်မတွေးချင်တော့ဘူး..သိပ်မရှိတော့တဲ့ ဘဝရဲ့ လက်ကျန်နေ့ရက်လေးတွေမှာ သူပျော်သလိုနေပါစေလား...အတွေးဆုံးမှ စကားလမ်းကြောင်းလွှဲဖြစ်သည်...

Boss and meWhere stories live. Discover now