"အင်း...အဲ..."ဘေးတဖက်မှ ငြီးသံလိုလို ဘာလိုလိုအသံကြောင့် အိပ်ပျော်နေရာမှ Guan Lin တယောက် ဆတ်ခနဲ ထထိုင်မိသည်အထိ...
"ဘေဘီ..."
"Ji Hoon..."
အိပ်ပျော်နေသော အနှီလူသားမှာ မျက်နှာတခုလုံး ဖြူလျော်လျှက် တခုခုကို ငြီးတွားနေဟန်...မသင်္ကာသဖြင့် ပါးနှစ်ဖက်ကို ကိုင်ကြည့်လိုက်မှ...
အားပါးပါး ပူကျစ်နေတာပဲ...ကယောင်ကတမ်းတွေ ပြောသည်ထိဆိုတော့...အခြေအဟန်ကမဟန်..
စောင်ကို ဆွဲလှန်လိုက်မှ ကိုယ်ပါ shock ရချင်သွားသည်...မဟုတ်သေးပါဘူး ငါ မနေ့ညက အိပ်ရာခင်းကို သေချာပေါက်လဲထားပါတယ်...ဘာလို့ သွေးတွေ မနည်းမနောပါလိမ့်...တော်ရုံလောက်ထွက်ပြီး တိတ်သွားမယ်ထင်တာ...ခုတော့ တကိုယ်လုံးက သွေးတွေများ တစိမ့်စိမ့်ထွက်ထားလေရော့...
ဤသို့လျှင် Lai Guan Lin မှာ ရှေ့မျက်နှာနောက်ထားပြီး Woo Jin ကိုဖုန်းဆက်ရလေသတတ်...Woo Jin ကိုတော့ သွေးမတိတ်သည့်အကြောင်းသာ ပြောပြထားပြီး တကယ့်ဒီလောက်ထိ သွေးထွက်ရသည့်အကြောင်းကိုတော့ ဖုန်းထဲ ပြောရမှာ တမျိုးကြီးဖြစ်နေသဖြင့် ချန်လှပ်ထားခဲ့သည်...အကယ်၍ပြောရမယ်ဆိုရင်တောင် ဘယ်လိုဘယ်ပုံ Woo Jin ကို ပြောဖို့ သူမလာခင် ကျတော့်မှာ စကားလုံးစီနေရသေးသည်...
ပေါက်စီမ နဲ့ မန်ထိုမ ကတော့ အလိုက်သိစွာ အိပ်ရာခင်းကို အသစ်လဲပေးပြီးသွားသည်... ဒီလောက်ထိ ဘယ်လိုဘယ်ပုံဖြစ်သွားရကြောင်း ဘယ်သူမှမမေးပေမယ့် အားလုံးက ပြုံးစိစိ....အိမ်က လူတွေမှာ ရီလည်းမရီရဲ..သို့သော် Ji Hoon မထနိုင်သဖြင့် မနက်စာဝိုင်းမှာ ကျတော်တယောက်ထဲ အိမ်ကလူတွေကို မျက်နှာချင်းဆိုင်ရသည်မှာ ကိုယ့်အိမ်မှာကိုယ် ပြေးပေါက်ရှာချင်သည်အထိ....မလျှော်နဲ့ အိပ်ရာခင်းနှစ်ခုလုံး လွှင့်ပစ်လိုက်လို့ အမိန့်ပေးချင်ပေမဲ့ ပါးစပ်ကမထွက်....အဲ့ဒါတာထက် အမှတ်တရအဖြစ် စိတ်က သိမ်းထားချင်သယောင်...ဒါကြောင့် လူတွေ အိမ်ထောင်ဦးဆို နှစ်ယောက်ထဲ အိမ်ခွဲနေကြတာ ဖြစ်မည်ဟု ခုမှ သဘောပေါက်မိသလိုလို...
Knock..knock...
"သခင်ကြီးဆေးလာပို့ပါတယ်...."
ခုတင်ပေါ်မှာ ခုထိ အဖျားရှိန်နဲ့ အိပ်ပျော်နေဆဲ ကောင်လေးကို ရေပတ်တိုက်နေတာ ခဏရပ်ပြီး စောင်ကို မေးဖျားထိ ဆွဲတင်ပြီးမှ...
