ဆေးအရှိန်ကြောင့် ကားပေါ်တင် ခေါင်းက ပြတင်းပေါက်မှန်ကို ခဏခဏ ဝင်ဆောင့်နေသော Ji Hoon...
"ဘေဘီ..ကိုယ့်ပေါင်ပေါ်မှာအိပ်..." သူ့ပေါင်ကို ပုတ်ပြရင်း Guan Lin က စကားစသည်..
"တကယ်လား...အိပ်မယ်နော်..." ငြင်းမယ်ထင်တာ...လုံးဝမငြင်းသည့်အပြင် သူကိုယ်တိုင်က လိုလိုလားလား ကျတော့်ပေါင်ပေါ် ခေါင်းတင်လာသည်...
"မျက်နှာကို စိုက်ကြည့်မနေနဲ့...ကိုကို...အိပ်မပျော်ပဲနေမယ်...ရော့ ဆေးချိတ်တဲ့ဟာ ကိုင်ထား...သူများက ဆေးရုံမှာ နားချင်သေးတဲ့ဟာကို.." ရုတ်တရက် ချွဲပစ်နေအောင် စကားပြောလာတဲ့ Ji Hoon ကို Driver နှင့် ယွီရှင်းက လန့်ဖျပ်ပြီး ရှေ့ခန်းက လှည့်ကြည့်သည်...
ခေါင်းများထိသွားပြီလား...သူမဟုတ်တဲ့အတိုင်းပဲ...စကားပြောဖို့ ပါးစပ်တပြင်ပြင်ဖြစ်နေတဲ့ အတွင်းရေးမှူးကို ကြည့်ပြီး Guan Lin ခေါင်းယမ်းပြလိုက်သည်..Ji Hoon မျက်ခွံလေးတွေကို အုပ်နေတဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို အသာလေး သပ်တင်ပေးရင်း စိတ်ထဲက တွေးမိတာက .."ဆံပင်တွေ ရှည်နေပြီ...ဘေဘီ.."
ဧဒင်စံအိမ်အဝရောက်တော့ သူလေးကို နှိုးဖို့အချိန်တန်ပြီလေ...
"Ji Hoon ထတော့ အိမ်ရောက်ပြီ.."
"အင်း.." ပါးစပ်ကပဲ အင်း သည်...ထမယ့်ပုံမရှိ..
Guan Lin ခေါင်းကိုငုံ့ သူ့မျက်နှာနားကပ်ပြီး တချက်ပါးလေးကို နမ်းလိုက်မှ မျက်လုံးကပွင့်လာသည်...ဒါတင်မက သူကပင် သူ့မျက်နှာနားက မခွာရသေးတဲ့ Guan Lin ပါးလေးကို ရွှတ်ခနဲ ပြန်နမ်းရင်းပြောလိုက်သေး...."ကျတော့်ကိုချီ..." ပြောလည်းပြော Ji Hoon က သူ့လက်နှစ်ဖက်လုံးကို Guan Lin လည်တိုင်ကို ဖက်တွယ်ထားသည်...
သတိရပြီးထဲက ပထမဆုံးအကြိမ် အနမ်းခံ၍ ပျော်သွားသည်မှာ ကြာကြာမခံ...အမှန်တော့ Guan Lin ကိုယ်တိုင်လည်း နေ့မအိပ် ညမအိပ် စားလည်းမစားပဲ စိုးရိမ်ကြောင့်ကြခြင်းများစွာဖြင့် လူနာစောင့်နေရ၍ အာဟာရပြတ်နေသောသူ...ဆေးရုံမှာ ချီတယ်ဆိုတာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမှာ ဤယောကျာ်းထံ အထင်ကြီးခံလိုခြင်းကြောင့်သာ...လိုရင်းဆို သူကိုယ်တိုင်ကလည်း လူနာနဲ့အပြိုင် ခပ်ယဲ့ယဲ့သာ ကျန်သည်....