"ညစာစားပြီးရင် ကိုယ်နဲ့ တူတူ ခြံထဲ ခဏဆင်းရအောင် ဘေဘီ..."
"အင်း..." သူ့ပန်းကန်ထဲက ဆီလျှော့ဆားလျှော့ အရသာမရှိသည့် စွတ်ပြုတ်တွေကို မွှေရင်း Ji Hoon စိတ်မပါလက်မပါဖြေသည်...
သူ့စကားတိုင်း အခန်းထဲ ထမင်းတော့လာပို့ပါသည်...ဆရာဝန်စကားအရ အရည်ပဲသောက်ရမည်ဟူသော Ji Hoon ၏ရှေ့တွင် မြင်သာမြင်ရ မကြင်ရသော ဟင်းလျာအစုံစုံ...ဘယ်ဆရာဝန်လဲကွ...Park Woo Jin သာဆို နာပြီပဲ...
"သောက်လို့ကောင်းလား..." အားမနာစွာ တဖြဲနှစ်ဖြဲ စားပြရင်း မေးလိုက်သူ Guan Lin...
"ခင်ဗျား ..လာရွဲ့နေတာလား...မစားရတဲ့ လူရှေ့ မျိုပြဆို့ပြရတာ ပျော်ရဲ့လား ကိုကို..." ရွဲ့တဲ့တဲ့ မျက်နှာပေးနှင့် ရန်ပြန်တွေ့သော Ji Hoon...
အချိုပွဲကျလည်း.."ကိုကို ပန်းသီးလေးတစိတ်လောက်..." ပန်းသီးတောင်းနေသော Ji Hoon မျက်လုံးများက လေဆာတန်းများပင် ထွက်နေသယောင်...
"သစ်သီးက အမျှင်ဓာတ်ပါလို့ အစာခြေရခက်တယ်...ဘေဘီ...စားနိုင်တဲ့ခါကျ နိုင်ငံခြားက အစားအစာတောင် မှာကျွေးမယ် ဟုတ်ပြီလား..."
အစားအသောက်သရဲ Ji Hoon မှာ လွယ်လွယ်နဲ့ လက်မလျှော့နိုင်...
"ဒါဆို ကျတော်ကိုကို့ကို ခွံ့ကျွေးမယ်လေ..." အစားအသောက်နှင့် ပတ်သတ်လာလျှင် ဉာဏ်နီဉာဏ်နက် အကုန်သုံးသော Ji Hoon...
"ညာတာပါတေးနဲ့ ဘေဘီ..." ငါကမသိတာမှတ်လို့ ဆိုတဲ့ အထာနဲ့ Guan Lin မှာ သွားဖြဲပြသည်.....ထမင်းဝိုင်းမှာ အသံတိတ်စစ်ပွဲကဲ့သို့...တဂျုံးဂျုံး တဂျိမ်းဂျိမ်း မဖြစ်ရုံတမယ်...
ညစာစားအပြီး ခြံထဲထွက်တော့ အတော်ပဲမှောင်နေပြီ....ခြံထဲမှာလည်း လူစုံတက်စုံ...ဘာကြောင့်မှန်းမသိ
"ခဏ မျက်လုံးမှိတ်ထားမယ်..." Guan Lin ၏ လက်ချောင်းရှည်များက Ji Hoon မျက်လုံးလှလှလေးများကို အသာလေးပိတ်ထားသည်..မီးရှူးမီးပန်းသံထွက်တော့မှ လက်တွေကိုဖြေချပေးတော့ သူမြင်ရတာက ကောင်းကင်ယံထက် မီးပန်းတွေနဲ့ စာရေးသရုပ်ဖော်ထားခြင်း...
Park Ji Hoon Normu Sarang Hae
စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင် ပါးစပ်က လွှတ်ခနဲ အော်မိရုံမက...မျက်ရည်များပင်ဝေ့ဝဲတက်လာသည်...Guan Lin လက်ကိုလည်း ကလေးလေးလို ဆွဲဆွဲဆောင့်ဆောင့်မိနေပြန်....မီးပန်းသံကြောင့် မကြားရမှာစိုးလို့ Guan Lin က ခါးကိုင်းပေးရှာ..."ဘေဘီ fireworks surprise လေးကြည့်ရတာ ပျော်ရဲ့လား..."