Part - 6

1K 96 33
                                    

"Boss..ဖိုင်တွေ စစ်ဆေးပြီးပါပြီ..စကြည့်တော့မလား.."

"အင်း..အကုန်ယူလာခဲ့.."

သူ့အနားနေလာတဲ့ ယွီရှင်း အတွင်းရေးမှူးက သူမလက်ထဲမှ ဖိုင်အထပ်လိုက်ကြီးထဲက အပေါ်ဆုံးက တခုကိုသူ့ကိုကမ်းပေးရင်း ပြောသည်..

"ဒါက Boss Wu Yi Fan ဖက်က လေကြောင်းလိုင်းမှာ လေယာဉ်အသစ် ၂ စီး ဝယ်ဖို့နဲ့ တိုးချဲ့ပြေးဆွဲဖို့ တင်ထားတဲ့ proposal ပါ.."

"ဈေးကြီးလွန်းတယ်..budget အသစ်တင်ဖို့ ပြောလိုက်.."

"ဒါက Boss Lin Yan Jun ဖက်က cosmetics brandအသစ် ပစ္စည်းအသစ်ထွက်မယ့် proposal ပါ Boss အတည်ပြုပြီးရင် ထုတ်ပါမယ်တဲ့.."

"ဒီ night cream အသစ်ထုတ်မဲ့ကိစ္စက အစ ငါ့ကို တင်ပြနေ.."

"ဒါက Boss Wang Zi Yi ဖက်က ဆိုင်ခွဲအသစ်ဖွင့်မယ့် details.ပါ..ဖွင့်ပွဲတက်ဖို့ ဖိတ်စာပါပို့လိုက်ပါတယ်.."

"အဲ့ စိန်သူဌေးကလည်း စိန်ဆိုင်တွေပဲ ဖွင့်နေ.."

"ဒါက Boss Chen Li Nong ဖက်က Biomedical technology center ဆောက်မယ့် proposal ပါ.."

"Chen Li Nong ကတော့ ငါ့ကို နားမလည်နိုင်တဲ့ ဆေးပညာအလုံးတွေတွေနဲ့ budget တောင်းတော့မယ်.."

"ဒါက Boss Cai Xu Kun ဖက်က အသစ်ထုတ်မဲ့ Girl group အကြောင်းပါ..boss အချိန်ရရင် ဖတ်ကြည့်ပါဦးတဲ့.."

"မိန်းကလေးတွေလား...အဲ့ဒါ မီဒီယာသမား You Zhang Jing ကိုလွှဲပေးလိုက်.."

"Boss လက်မှတ်ထိုးဦးလေ..."

"ဟုတ်သားပဲ..ဒီနေ့ကျမှ သာမန် report မဟုတ်ပဲ အတည်ပြုချက်တွေရော ငွေရေးကြေးရေးတွေရော..ခေါင်းကိုက်စရာကြီးပဲ..Li Nong နဲ့ Yi Fan ကိစ္စက ခဏနေဦး ဘဏ္ဏာရေး ဌာနနဲ့ တိုင်ပင်ဦးမယ်လို့.."

"ဟုတ်ကဲ့..Boss.."

"လုပ်ငန်းအသီးသီးက ကိစ္စတွေကို ဘာလို့ ဌာနချုပ်ကို တင်ပြနေတာလဲ..သူဌေးတွေ CEO တွေ ခန့်ထားပြီး ထစ်ခနဲရှိ ငါ့ပဲအကုန်လာလာပြော..မနက်က meeting ကလည်း ဘာတွေပြောမှန်းမသိ..."

"အဲ့ဒါ company ခွဲအသီးသီးရဲ့ လုပ်ဆောင်ချက် အားလုံးကို ဗဟိုကို သတင်းပို့ရမယ်လို့ Madam ရှိစဉ်ထဲက လုပ်ခဲ့တာမို့ပါ.."

သူ့အမေအကြောင်း ပါလာ၍ Guan Lin ခဏနှုတ်ဆိတ်သွားသည်...Boss အကြောင်း နောကျေနေတဲ့ အတွင်းရေးမှူးက ပါးနပ်စွာ စကားလမ်းကြောင်းပြောင်းလိုက်သည်...

Boss and meWhere stories live. Discover now