Special chapter

1.1K 63 27
                                    

Read the following contents at your own risk!

"Arr...အရက်နံ့တွေ ...သွား ရေမိုးချိုးချေ...ပြီးမှ ခုတင်ပေါ်တက်လာခဲ့...ညစ်ပတ်အိုး ကိုကို..."

Guan Lin ကို အတင်းနှင်လွှတ်နေသည်မှာ တခြားတော့မဟုတ်...

ဒီ bathrobe အဖြူကြီးနဲ့ ဘယ်လိုအိပ်မှာလဲ..pajama လဲမလို့ကို...ဝါးစားမတတ် ကြည့်နေတဲ့ တယောက်သောသူကို ကြောက်လို့...ကြည့်နေရင်းနဲ့ ကိုကိုတော့မသိ ကျတော်ပင် အာတွေခြောက်လာသလို ခံစားရသည်...

"သွားဆို..." စိတ်မရှည်သည့်ဟန်ဖြင့် အနည်းငယ်လှုပ်ရှားနိုင်သော ဘယ်ခြေထောက်နဲ့ လှမ်းကန်လိုက်တော့ bathrobe အောက်က ပေါင်သားဖြူဖြူလေးက ထင်းခနဲ..Ji Hoon မှာ သူ့ဘာသာ မလုံမလဲ မပေါ်အောင် လိုက်ဖုံးဖိရင်း အောက်နှုတ်ခမ်းကို အမှတ်တမဲ့ ကိုက်မိတာကြောင့် သူ့အောက်နှုတ်ခမ်းလေးကို သွေးများစို့သွားလားဟု သိချင်ဇောနှင့် လျှာနှင့် သပ်မိသွားသည်...ဤအဖြစ်သနစ်အား အစအဆုံး ထိုင်ကြည့်နေသူ Guan Lin မှာတော့ တကယ်ကို မရိုးမရွ...Park Ji Hoon ကား မအူမလည် အစစ်လား...ဆရာအကျလွန်နေတာလား...

"ညစ်ပတ်နေရင် ခုတင်ပေါ်တက်မလာနဲ့ ကန်ချမှာ..." ပြောပြီး မော့ကြည့်လိုက်တော့ သူ့မျက်လုံးထဲကို စူးစူးစိုက်စိုက် ကြည့်နေသော Guan Lin မှာ စကားမပြောပဲ သူ့ရှေ့ကို ခါးကိုင်းပြီး ရှေ့တိုးတိုးလာ၍ တံတွေးပင် မျိုချမိ၏...

"ဘာ...ဘာလုပ်မလို့လဲ..." Ji Hoon က ခေါင်းအုံးကို ရင်ခွင်ထဲ ပိုက်ထားပြီး လက်နောက်ပြန်ထောက်လျှက် ခေါင်းရင်းဖက်သို့ တရွေ့ရွေ့တိုးသွားသည်...ရှေ့ဆက်ရောက်လာမဲ့ အန္တရယ်ကို တဖြေးဖြေး သူသိလာသလိုလို...

"သူ...သူများ အင်္ကျီလဲမလို့ကို...အဲ့လိုကြီးကြည့်နေတော့ ဘယ်လိုလဲ...လဲမလဲ..." ပါးစပ်ကသာ လဲမယ်ပြောနေတာ ခါးစည်းကြိုးကိုတော့ လက်ထဲတင်းနေအောင် ဆုပ်ထားရင်း စကားတွေပင် ထစ်ငေါ့လျှက်...

"ခု မြူဆွယ်နေတာလား...ဘေဘီ...အင်္ကျီလား မဝတ်ရမဲ့တူတူ လဲမနေနဲ့တော့..." ပြီတီတီ အပြုံးနဲ့ Lai Guan Lin...

"ဟင်...ကျတော် အဆင်သင့်မဖြစ်သေးဘူး...နောက်မှ..." ခေါင်းကို တွင်တွင်ငုံ့လျှက် ခုတင်ပေါ်၌ ထွက်မပြေးနိုင်သော ယုန်ငယ်လေးပမာ အလိမ္မာသုံး ရုန်းထွက်လို့ ရမလားလို့ ကြိုးစားကြည့်သည်...

Boss and meWhere stories live. Discover now