Morning alarm အသံကြောင့် မိုးမလင်းသေးပေမယ့် Guan Lin နိုးလာသည်...ဘေးကိုကြည့်လိုက်တော့ သူ့အချစ်...အိပ်တုန်းကကျ သေမလို ဖက်ထားပြီး ခုကျ ကျောပေးပြီးအိပ်နေ...သူ့လက်ထဲက ဖက်လုံးကိုပင် မနာလိုဖြစ်သွားသည်..အသေအကြေဖက်ထားပုံက..လူဆို အရိုးပင်ကြေလောက်သည်...ဘယ်လိုကြည့်ကြည့် ထ မဲ့ပုံမရှိသေး၍ Guan Lin ကသာ အရင် ထ လိုက်သည်....
ညက Ji Hoon ကိုသိပ်ပြီး အကြွေးတင်နေသော အလုပ်တွေကို ရှင်းထားရုံမက နိုးတော့လည်း လင်းအာရုဏ်ဦး...အိပ်ချိန်မှာ ၃ နာရီပင် မပြည့်ချင်..အိပ်ရေးမဝပေမယ့် မနေ့က ယွီရှင်း၏ plan ကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေသည်...ကံကြမ္မာက ကိုယ့်ဖက်မှာ ရှိနေသည်ထင်...Ji Hoon အနားမှာ နေပေးဖို့ ပိတ်ရက်က တိုက်တိုက်ဆိုင်ဆိုင်..ခါတိုင်းဆို အချိန်လုရမည်မှာ မလွဲဧကန်...တကယ် မင်္ဂလာဆောင်ခဲ့ဖို့နေနေသာသာ purpose ပင် မလုပ်နိုင်ခဲ့ပဲ wedding photo အတုလုပ်ခဲ့တာတွေကို သိသွားရင် သိပ်မလွယ်..တနေ့မဟုတ်တနေ့ သိသွားနိုင်သည်...ဒါကလွယ်ပါတယ်...ယွီရှင်း၏ မင်္ဂလာဦးလက်ဆောင်ကို စောင့်နေလိုက်ရုံ...
မျက်နှာသစ်သွားတိုက်ပြီး မီးဖိုချောင်ထဲ ဝင်လိုက်တော့ ချစ်လှစွာသော အားရီက တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသည်..အမေလို အဒေါ်လို ချစ်ရသော အားရီက ငယ်ငယ်ထဲက သူ့ကို ထိန်းခဲ့သည့်အပြင် ခုချိန်ထိ ကလေးတယောက်လို စောင့်ရှောက်တုန်း...
"အားရီ...." နောက်ကနေ သိုင်းဖက်လိုက်တာကြောင့် အားရီတယောက် လန့်သွားသည်...
"ကြားသားမိုးကြိုး..LinLin မနက်ငါးနာရီကြီး ဘာထလုပ်တာလဲ..." လှည့်တော့မကြည့်ပေမယ့် LinLin မှန်းသိနေ၍ အလုပ်လုပ်နေတဲ့ လက်တွေကို ခဏရပ်လိုက်ပြီး မေးခွန်းပြန်ထုတ်လိုက်သည်..
"အိမ်ထောင်ရှင်ဖြစ်ပြီဆိုတော့ စောစောထရတာပေါ့..." ပါးစပ်နားရွက်ချိတ်မတက် ပြုံးရင်း ဖြေလိုက်သူ Guan Lin ပါပဲ...
"Lin Lin က ကလေးမဟုတ်တော့ဘူးပဲ..မျက်စိအောက်တင် ရင့်ကျက်ပြီး အိမ်ထောင်ကျသွားပြီ.." လုပ်လက်စ အလုပ်ကိုဆက်ရင်း အားရီက စကားဆိုသည်...
"သူ့ကို ဘယ်လိုသဘောရလဲ အားရီ..သဘောကျရဲ့လား..." မျှော်လင့်ခြင်း တပွေ့တပိုက်နှင့် မေးမိခြင်း....