အပိုင်း ၂

62K 5.8K 303
                                    

"ညီ...ညီ စိတ်လျှော့ပါနော်...နော်"

လက်မောင်းတစ်ဖက်ကို ကိုင် ကျောပြင်ကို ဖွဖွ
ပွတ်ချပြီး စိတ်လျှော့ခိုင်းနေသော ပယင်း။
မျက်လုံးထောင့်မှ နေ၍ မြင်နေရသည်က
ဖုံးကွယ်အပ်သော သူမအစိတ်အပိုင်းတစ်ချို့

"ငါ ငါ မှားပါတယ် ညီ ရယ်နော်။ အဲ့လို မနေပါနဲ့
ငါ...ငါ့ကိုပဲ ဖြစ်ဖြစ် ဆူပါဟာ နော်"

"နင် အခုလိုတွေ ဝတ် ဒီလိုနေရာမျိုးက လာလို့ ဖြစ်ရတာ!ငါ မပြောဘူးလား? အဲ့လို အတို
အပြတ်တွေ မဝတ်ပါနဲ့ လို့။ အိမ်က ထွက်လာ
တည်းက ငါ ပြန်လဲခိုင်းတော့ နင်ဘာပြောလဲ?"

"တော်ပြီ ညီ! ပယင်း ကိုပဲ နိုင်တိုင်း မဲမပြောနေ
နဲ့..."

အွိုင် ထသောင်းကျန်းတော့သည်။ သူမြှောက်ပေး
လို့ ဖြစ်လာတာတွေ အတွက် ကျွန်တော့်သူ့ကို
လည်း အခဲမကျေ။

"နင် ဝင်မပါနဲ့ အွိုင် ! နင့်ကို ပြောနေတာ
မဟုတ်ဘူး။ ပယင်းနဲ့ ငါ့ကိစ္စ"

တစ်ယောက်တစ်ခွန်းကြားထဲ ဝင်တောင်းပန်ရသူ
က ထုံးစံအတိုင်း ပယင်းသာ...

"မတောင်းပန်နဲ့ ပယင်း။ နောက်တစ်ခါသာ ဆင်ခြင်"

"ဘာလို့ ငါတို့က ဆင်ခြင်ရမှာလဲ။ငါတို့နိုင်ငံ
မှာ ငါတို့ ဒီလိုပဲ ဝတ်တာပဲ။ နင်တို့ နိုင်ငံက
တောသားတွေသာ နှာဘူးထတာလေ"

ကတ်ကတ်လန်အောင် ရန်ထောင်နေသော အွိုင်
ကို တစ်ချက်စူးခနဲ ကြည့်လိုက်တာတောင် အရှိန်
မလျော့သေး။

"သိပ်သိသာတယ် သိလား ညီ ညီ။ နင် ငါတို့
နဲ့ နေ ငါတို့ စိုက်တဲ့ ဆန်ကို စား ငါတို့စကား
ပြောပြီး ငါတို့ နဲ့တူတူကြီးလာတာတောင် ခုထိ
နင့် အမျိုးမှားတာတောင် နင့်အမျိုးဖက်ကပဲ ပါနေ
တာ!"

ကျွန်တော်ဘာမှ ပြန်မပြောဖြစ်။ အွိုင်ကိုသာ
မျက်တောင်မခတ် ကြည့်နေလိုက်သည်။ မနေ
နိုင်သော Den နဲ့ Nikki တို့မှ ဝင်တားရ
တော့သည်။

"အွိုင် တော်တော့။ ခုဖြစ်တဲ့ကိစ္စနဲ့ မဆိုင်တာတွေ
မပြောနဲ့"

အွိုင်မှာ အယုဒ္ဓယ နားတစ်ဝိုက်မှာကြီးပြင်း
လာခဲ့သူပီပီခုထိ မကျေနိုင်သေးသော အမုန်းခဲတွေ သွေးလိမ်းထားသူ။

PRO ||Season One||Where stories live. Discover now