တကယ် Shooting သိမ်းတော့ ၁၁နာရီ။ လူ
ဆိုတာ လည်း ပြိုင်းရော။ Studio ကနေ အဆောင်ထိ ကားပေါ်မှာ အိပ်ရင်းသာ လိုက်
လာရ၏။မှောင်နေသော အခန်း မီးလင်းသည်အထိ ကိုယ်
တို့နှစ်ယောက်စကား မပြောမိကြသေး။ လွယ်လာသော ကျောပိုးအိတ်ကိုယ်စီ အိပ်ရာပေါ်
ပစ်တင်ဖြစ်ကြသည်။ အောက်ထပ်တွင်အိပ်ရသူ
က သာတယ်။ တစ်ခါတည်း ပစ်လှဲလိုက်ရုံပင်။တက်လှဲလို့မရသော ကိုယ်က ရေချိုးခန်းအရင်
ဝင်ရသည်။ Make up သေချာဖျက်ပေးလိုက်
ကြသော်လည်း ကိုယ်မျက်နှာသေချာပြန်သစ်
ရမည်။ P'Na ပေးလိုက်တာတွေလည်း
လိမ်းအိပ်ရမည်။ မလိမ်းချင်ဘူးဆိုပြီး ပျင်းလို့မရ။အခုက စပြီး Skin careအတွက် သေချာဂရု
စိုက်ရတော့မည်ဟု ကြပ်ကြပ်မတ်မတ်မှာ
လိုက်သည်။ ကိုယ်တို့ နှစ်ယောက်၏ ပထမဆုံး
အတန်းချိန်က ပုံတွေကို ကြည့်ပြီးလည်းနောင်
တစ်ခါ ဒီလို ပုံစံနှင့် အတန်းမတက်ဖို့ သေချာ
ဆူပူလိုက်သေး၏။ရေချိုးလိုက်မှ လန်းသွားတော့သည်။ တစ်နေကုန်
မီးထိုးမှန်ထိုးကြား အကျီ င်္တစ်ထည်ပြီးတစ်ထည်
လဲနေရတာ ချွေးအအေးပက်မှာတောင်ကြောက်
ရသည်။ ဒါတောင် Shootingက မပြီးသေး။
Posterအတွက် အားလုံးစုပြီး ရိုက်ရဦးမှာပင်။
ဒါက Scene Collectionအတွက်ပဲရှိသေး
သည်။ Offical ကြေငြာဖို့ Series Poster
က သက်သက်တစ်ရက် အချိန်ပေးပြီးရိုက်ရမည်။
Posterအတွက်က Setting ဆင်ထားသော
Coffee ဆိုင်လေးတွင် ရိုက်ဖြစ်ဖို့များသည်ဟု
သိရသည်။ Korea Dramaတွေထဲက Theme ပုံစံယူမည်ဟုလည်း Camera Team Leaderက ကြိုအသိပေးထားသေး၏ရေတစက်စက်ဖြစ်နေသော ခေါင်းကို သုတ်ရင်း
ခုတင်ထက် မျက်လုံးများမှိတ်ကာ ငြိမ်သက်
နေသူကို မသိမသာငုံ့ကြည့်မိ၏။
ပွရောင်းရောင်းဖြစ်နေသော ဆံပင်ထူအုပ်အုပ်
တွေက နှဖူးပြင်ပေါ် ဟိုတစ်စ ဒီတစ်စ။
ဆံပင်က ဒုတိယမျက်နှာ ဟူသော စကား
တကယ်မှန်သည်။ အခုဆို ဆံပင်ပုံစံလေးပြောင်း
လိုက်ရုံလောက်နှင့် Loy နှင့်ပင် ရွယ်တူထင်ရ
လောက်အောင်နုပျိုလွန်းမက နုပျိုလွန်းနေသူကို
သြချမိသည်အထိပင်။Make upတွေဖျက်ထား
တာတောင် နဂိုမူရင်း အသားအရည်က ကြည်တောက်နေသေးသည်။ ပါးပြင်မှအရေပြားသည်ပို၍ပင် ပါးလျလာသည်။
ထင်ရလောက်အောင်သွေးကြောတွေက ပိုထင်းနေတော့၏။ ဒါကလည်း Spaသွားတုန်းက လုပ်ထားတဲ့treatmentတွေကြောင့်ပင်။ ဒါတောင် ပထမဆုံး အကြိမ် Skin care
ပဲရှိသေးသည်။
ဒီလိုတွေသာ ခဏခဏလုပ်ရပါက...
BẠN ĐANG ĐỌC
PRO ||Season One||
Lãng mạnBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?